ရွှေဘိုမြို့ပေါ်တွင် လာရောက်တိမ်းရှောင်နေသော ပြည်ခိုင်ဖြိုးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သေ နတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၃

      ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လင်း၊ ၅၇ နှစ် သည် ရွှေဘိုမြို့ပေါ်သို့ လာရောက်တိမ်းရှောင်နေထိုင်ရာ အောင်မြေကျောင်းတောင်ဘက်စားသောက်ဆိုင်မှ ခေါက်ဆွဲကြော်ဝယ်ပြီး
ပြန်လာစဥ် လူသတ်အကြမ်းဖက် PDG စိစစ်ဆဲ သုံးဦးက သေနတ်ဖြင့်လိုက်လံ ပစ်ခတ်ရာ ဦးစိန်လင်း သည် အောင်မြေကျောင်းထဲသို့ ရှောင်ပြေးစဥ် ထပ်မံ၍လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရပါ သည်။

       ထိုသို့ ပစ်ခတ်မှုများကြောင့် ဦးစိန်လင်း မှာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ရွှေဘိုမြို့တွင်မြို့တွင်းလုံခြုံရေးကြီးကြပ်မှူ့မရှိခြင်း၊ မြို့ဝင်မြို့ထွက်စစ်ဆေးကြပ်မတ်မှူ့မရှိခြင်းတို့ကြောင့် ယနေ့အချိန်ထိ လူသတ်တရားခံများကို တစ်ဦးမျှ ဖမ်းမိခြင်းမရှိကြောင်း၊ စစ်အုပ်ချုပ်ရေးကြေညာထားသောမြို့နယ်ဖြစ်သော်လည်း မြို့တွင်းတွင် မသင်္ကာစရာ လူ အများအပြားဝင်ထွက်နေရာ စစ်ဆေးမှူ့မရှိကြောင်း၊ သေဆုံးသူ ဦးစိန်လင်းသည်
ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ကြောင်း သတင်းရှိပါသည်။
      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း၊ ယနေ့အထိ ပြည်ခိုင်ဖြိုးပါတီဝင် နှင့် ဝန်းရံသူ ၂၄၅၀ ဦး သတ်ဖြတ်ခံထားရကြောင်း သိရှိရပါသည်။

(လုံခြုံရေးအခြေအနေရဓာတ်ပုံမရပါ)

#PAN