မြဝတီမြို့နယ်၊ မဲကနယ်ကျေး ရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KNLA အဖွဲ့ တို့တိုက်ပွဲဖြစ်ပွားစဥ် အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးစထိမှန်သဖြင့် အရပ်သား တစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

ဇူလိုင် ၁၃

      ယနေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေး ရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာ အနောက် ကျောက်တောင်တွင် အကြမ်းဖက်သောင်းကျန်း သူ KNLA အဖွဲ့ ခန့်မှန်းအင်အား ၄၀၀ ခန့် နှင့် တပ်မ(၄၄)ကွပ်ကဲမှုအောက် စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားစဥ် အကြမ်းဖက်သောင်း ကျန်းသူ KNLA အဖွဲ့မှ လက်ကြီးဖြင့် ပစ်ခတ်သဖြင် ခလရ(၂၇၅)တပ်ရင်းရှေ့ရှိ အေးသုခကျေး ရွာ၊ အမကစာသင်ကျောင်းဘေး တာဝါတိုင်အနီးရှိ ဦးမွန်ကြီး နေအိမ်ဝန်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

    ထိုသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မျိုးလင်းအောင်၊ ၃၆ နှစ်၊(ဘ)ဦးမြအောင်မှာ ဗုံးစထိမှန်ပြီး နေရာတွင်ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း၊ နေအိမ်ရှင် ဦးမွန်ကြီး မှာ လက် နက်ကြီး ဗုံးစထိမှန်ဒဏ်ရာရရှိ၍ သတိမေ့မြောနေကြောင်း၊ ၄င်းတို့အား ပြည်သူ့ဆေးရုံပိုဆောင်ရန် မဲကနယ်နာရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN