အမရပူရမြို့နယ်တွင် သာမန်အရပ်သားပြည်သူတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာ၊ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သတ်ဖြတ်ခံရ

ဇူလိုင် ၁၃

     ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်လုံးကျော်ကျေးရွာအုပ်စု၊မင်းစုကျေးရွာ၊၅၁လမ်း အနောက်ဖက် လယ်ကွင်းပြင်၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ပြည်လုံးကျော်ကွင်း၊မင်းစုကျေးရွာအနောက်ဖက် လယ်ကွင်းပြင်တွင် အမရပူရမြို့နယ်၊မြစ်လောင်းကျေးရွာ၊ရန်အောင်မြင်ရပ်ကွက်နေ ဦးထွန်းထွန်းလင်း(ခ)ဂူးဂူး၊၄၇နှစ်၊(ဘ)ဦးမောင်ဝင်း၊အစ္စလာမ်၊အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူအား လည်ပင်းပြတ်ရှဒဏ်ရာ၊ဝမ်းဗိုက်ထိုးသွင်းဒဏ် ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

     အဆိုပါ သေဆုံးသူ ဦးထွန်းထွန်းလင်း(ခ)ဂူးဂူး သည် သာမန်အရပ်သားပြည်သူတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ယခုလို သတ်ဖြတ်ရသည်ကို မသိရှိရသေးကြောင်းနှင့် သတ်ဖြတ်သူတရားခံ ဖမ်းဆီးရမိရေး နယ်မြေခံရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN