ကော့ကရိတ်မြို့၏ မြောက်ဘက်တွင် အကြမ်း ဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့ အင်အားအများအပြားရောက်ရှိ လက်နက် ကြီးဖြင့်ပစ်ခတ်ရန် ပြင်ဆင်နေစဥ် နယ်မြေခံတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၊နယ်မြေရှင်းလင်းလျှက်ရှိ

ဇူလိုင် ၁၃

     ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ မြောက်ဘက် အမှတ်(၇)ရပ်ကွက်၊ ဝါဆိုဦးကျောင်းအနီး၊ ခင်နိမ်းမူကွက်သစ်အနောက်ဘက်၊ ကုလယ်နတ် စင်ကုန်းတို့တွင် အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့အင်အား အများအပြားရောက်ရှိနေ လက်နက်ကြီးပစ်ခတ်ဖို့ပြင်ဆင်နေကြောင်း၊ ၎င်းတို့၏လက်နက်ကြီးများက ကုလယ်နတ်စင်ကုန်းတွင်  ပစ်ခတ်ရန်ချိန်ရွယ်ထားနေကြောင်း ဒေသခံပြည်သူများက သတင်း ပေးပို့လာပါသည်။

      ထိုသို့ အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ရန််ပြင်ဆင်နေကြောင်း သတင်းများကြောင့် အမှတ် (၇)ရပ်ကွက်နေပြည်သူများမှာ မြို့ထဲဘုန်းကြီး ကျောင်းသို့ ပြောင်းရွေ့ရောက်ရှိနေကြောင်း သိရပါသည်။

        နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် နယ်မြေခံတပ်ရင်းဌာနချုပ်မှ အကြမ်းဖက်သောင်းကျန်းသူများ ရောက်ရှိနေသောနေရာသို့ လက်နက်ကြီးများ​ဖြင့်
စတင်ပစ်ခတ်နေပြီး မြေပြင်မှလည်း စစ်ကြောင်းဖြင့် ရှင်းလင်းလျှက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN