“ဘယ်လာရုစ်နိုင်ငံ၏ အတိုက်ခံခေါင်းဆောင် နှင့် အမေရိကန် သမ္မတ တို့ လစ်သူယေးနီးယား နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် နေတိုးထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးအပြီး တွင် တွေ့ဆုံမှုများပြုလုပ်ခဲ့”

ဇူလိုင် ၁၃

အမေရိကန် နိုင်ငံ သမ္မတ Joe Biden က လစ်သူယေးနီးယားနိုင်ငံ Vilniusမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် NATO အဖွဲ့ဝင်နိုင်ငံများ ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အပြီးတွင် လစ်သူယေးနီးယား နိုင်ငံမှ မထွက်ခွာမှီ အချိန်အတွင်း ဘီလာရုစ် နိုင်ငံ၏ အဝေးရောက် အတိုက်အခံခေါင်းဆောင် Svetlana Tikhonovskaya နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြတာ လည်းဖြစ် ပါတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြီးခဲ့သည့် ဇူလိုင် ၁၂ရက် ဗုဒ္ဓဟူးနေ့က တရားဝင် ထုတ်ပြန် ကြေညာခဲ့တာ လည်းဖြစ်ပါတယ်။

“လွတ်လပ်စွာပြောဆိုခွင့် နှင့် ဘီလာရုစ် နိုင်ငံအတွင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးများ အပါအဝင် လူ့အခွင့်အရေးကို ကာကွယ်စောင့် ထိန်းမှုဆိုင်ရာများအတွက် အမေရိကန် ပြည်ထောင်စု၏ မယိမ်းယိုင်သော ကတိကဝတ်များကို အလေးပေးနိုင်ရန်အတွက် Biden က ဘီလာရုစ်နိုင်ငံရှိ ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြတာဖြစ်တယ်”လို့ အမေရိကန် သမ္မတ အိမ်ဖြူတော် ရုံး၏ ထုတ်ပြန်ချက် တွင်ဖော် ပြထားပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။