ရေဦးမြို့၊ မြို့ဝင်အရှေ့ဘက်ဂိတ်(ကြာဖူးအဝိုင်း) ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့​ကို PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသာများက Drone ဖြင့်Drop bomb ပစ်ချတိုက်ခိုက်ရာ လုံခြုံအဖွဲ့က Drone Gunဖြင့် ပစ်ချခဲ့

ဇူလိုင် ၁၂

     စစ်ကိုင်း တိုင်းဒေသကြီး၊ ရေဦးမြို့၊ မြို့ဝင်အရှေ့ဘက်ဂိတ်(ကြာဖူးအဝိုင်း)ရှိ နယ်မြေခံတပ်၊
ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် လုံခြုံရေးပူးပေါင်းအဖွဲ့​ကို
ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက Drone တစ်စီးဖြင့် သုံးဆင့်ကွဲ Drop bomb တစ်လုံးပစ်ချခဲ့ရာ ဂိတ်အရှေ့ဘက်ပေ ၅၀၀ ခန့်အကွာ မန်ကျီးတောဘုန်းကြီးကျောင်းအနီး လယ် ကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

        ထိုသို့ ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန် ၊အဆောက်အဦးထိခိုက်ပျက်စီးမှုတစုံတရာမရှိကြောင်း၊ အဆိုပါ Drone ကို ဝဲပျံနေစဥ် လုံခြုံ ရေးပူးပေါင်းအဖွဲ့က Drone Gunဖြင့် ပစ်ချခဲ့ရာရေဦးမြို့၊ အောင်ချမ်းသာရပ်၊ မြပန်းသဇင် ကိုယ် ပိုင်အထက်တန်းကျောင်းအနီး သံလမ်းမြောက်ဘက် လယ်ကွင်းအတွင်းသို့ ကျရောက်ခဲ့ရာ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ Drone မှာပန်ကာ ၆ လက်တပ် ဒုန်းယာဥ်ဖြစ်ကြောင်း သိရပါသည်။

       PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ Drone ယာဥ်ကို သိမ်းဆည်းရမိသည့်အတွက် ရေဦးမြို့သူမြို့သားများမှာ ဝမ်းသာမှုများ၊ကျေနပ်မှုများ ဖြစ်ပေါ်နေကြကြောင်း မြို့ခံပြည်သူများထံမှ သတင်းရရှိပါသည်။