တမူးမြို့နယ်ရှိ ပန်းသာကျေးရွာကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ဆက်လက်ဝိုင်း ထားပြီး ရွာသားများမှာ ယနေ့ထိ ရွာအပြင်သို့ ထွက်၍မရသေး

ဇူလိုင် ၁၂

     စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ ပန်းသာကျေးရွာကို ဝန်းရံထားသော အကြမ်းဖက်သောင်းကျန်းသူ PDF များသည် ဆုတ်ခွာသွားခြင်းမရှိသေးဘဲ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်မှ ည ၁၁ နာရီအချိန်ခန့်ထိ ၄င်းတို့ သိမ်းထားသောရွာတောင်ဘက်ခြမ်းမှ လက်နက်ငယ်များ၊ 40 mm ဗုံးသီးများဖြင့် လုံခြုံရေးရှိသော ရွာမြောက် ဘက်သို့ ပစ်ခတ်နေကြောင်း၊ ရွာသားများမှာ ယနေ့ထိ ရွာအပြင်သို့ ထွက်၍မရသေးကြောင်း သိရပါသည်။

     ယနေ့အထိ တမူး – ကလေးလမ်းမှာ ပိတ်ထားဆဲဖြစ်ပြီး၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်ကအကြမ်းဖက်သောင်းကျန်းသူ PDF များက သိမ်း ပိုက်ထားသော ဘုတ်ကန်ရဲစခန်းနေရာနှင့် အထက စာသင်ကျောင်းတွင် အကြမ်းဖက် PDF များက အခိုင်အမာစခန်းချလျက်ရှိကြောင်း၊ဘုတ်ကန်သို့ ရောက်ရှိနေသောကားများမှ ကုန်ပစ္စည်းများကို ဘုတ်ကန်နှင့် ကပ်လျက်ရှိသည့် အိန္ဒိယနယ်စပ်၊ နယူးစင်တာရွာမှန ယ်စပ်တစ်လျောက်မိုးရေးမြို့ထိ ဖောက်ထားသောကားလမ်းမှ ထော် လာဂျီ၊သုံးဘီးများဖြင့် အကြမ်းဖက် PDF ကိုဆက်ကြေးပေးကာ သယ်ယူနေကြကြောင်း၊ လူတစ် ဦးကို တမူးမှ ဘုတ်ကန်အထိ ၃၀,၀၀၀ ကျပ် ဝန်းကျင်ပေးနေရကြောင်းသတင်းရရှိပါသည်။

#PAN

ဇူလိုင် ၁၂      စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ ပန်းသာကျေးရွာကို ဝန်းရံထားသော အကြမ်းဖက်သောင်းကျန်းသူ PDF များသည် ဆုတ်ခွာသွားခြင်းမရှိသေးဘဲ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်မှ ည ၁၁ နာရီအချိန်ခန့်ထိ ၄င်းတို့ သိမ်းထားသောရွာတောင်ဘက်ခြမ်းမှ လက်နက်ငယ်များ၊ 40 mm ဗုံးသီးများဖြင့် လုံခြုံရေးရှိသော ရွာမြောက် ဘက်သို့ ပစ်ခတ်နေကြောင်း၊ ရွာသားများမှာ ယနေ့ထိ ရွာအပြင်သို့ ထွက်၍မရသေးကြောင်း သိရပါသည်။     ယနေ့အထိ တမူး – ကလေးလမ်းမှာ ပိတ်ထားဆဲဖြစ်ပြီး၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်ကအကြမ်းဖက်သောင်းကျန်းသူ PDF များက သိမ်း ပိုက်ထားသော ဘုတ်ကန်ရဲစခန်းနေရာနှင့် အထက စာသင်ကျောင်းတွင် အကြမ်းဖက် PDF များက အခိုင်အမာစခန်းချလျက်ရှိကြောင်း၊ဘုတ်ကန်သို့ ရောက်ရှိနေသောကားများမှ ကုန်ပစ္စည်းများကို ဘုတ်ကန်နှင့် ကပ်လျက်ရှိသည့် အိန္ဒိယနယ်စပ်၊ နယူးစင်တာရွာမှန ယ်စပ်တစ်လျောက်မိုးရေးမြို့ထိ ဖောက်ထားသောကားလမ်းမှ ထော် လာဂျီ၊သုံးဘီးများဖြင့် အကြမ်းဖက် PDF ကိုဆက်ကြေးပေးကာ သယ်ယူနေကြကြောင်း၊ လူတစ် ဦးကို တမူးမှ ဘုတ်ကန်အထိ ၃၀,၀၀၀ ကျပ် ဝန်းကျင်ပေးနေရကြောင်းသတင်းရရှိပါသည်။