“အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်ပိုင်းရှိ ဗားမောင့်ပြည်နယ်တွင် သမိုင်းတွင်သည့် ရေကြီးရေလျှံမှုများဖြစ်ပွားနေ”

ဇူလိုင် ၁၂

အမေရိကန်နိုင်ငံ အရှေ့မြောင်ဘက်အပိုင်းရှိ ဗားမောင့်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာ သွန်းမှုများဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သောကြောင့် လူနေအိမ် အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ပင်လယ်ကမ်းရိုးတန်းအနီးတွင် မိုးသက်မုန်တိုင်းများ ဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် အမေရိကန်နိုင်ငံ ဗားမောင့်ပြည်နယ် တွင် မိုးရေချိန် ၂၀ စင်တီမီတာကျော်ထိ ရွာသွန်းခဲ့ပြီး ဗားမောင့်ပြည်နယ်၏ မြို့တော် Montpelier မြို့ အပြင်ဘက်ရှိ အဓိက ရေလှောင်ကန်ဆည် တစ်ခုသည် ရေများလျှံတတ်လာမည့် အလားလာ များလည်း ဖြစ်ပေါ်နေရပါတယ်။

England နိုင်ငံ Ludlow မြို့တွင်လည်း အလားတူရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရပြီး လူနေအိမ်များတွင်လည်း ရေကြီးရေ လျှံမှုများဖြစ်ပွားကာ မော်တော်ကားများ မျောပါသွားခဲ့ရပြီး မီးရထားလမ်းများလည်း ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။

“ဗားမောင့်တစ်ဝှမ်းတွင် ကျနော်တို့ကြုံ တွေ့နေရသော ပျက်စီးဆုံးရှုံးမှုနှင့် ရေကြီးမှုများဟာ သမိုင်းဝင်တဲ့ ကပ်ဆိုးကြီးဖြစ်ပါတယ်”လို့ ဗားမောင့်ပြည် နယ်အုပ်ချုပ်ရေးမှူး Phil Scott က ပြီးခဲ့သည့် ဇူလိုင် ၁၀ရက် အင်္ဂါနေ့က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။