ဇူလိုင် ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ဒုံဝန်းကျေးရွာ နှင့်ရွှေရောင်ပြကျေးရွာကြားဆက်သွယ်ထားသည်ရန်ကုန်-မော်လမြိုင်သွားကားလမ်း ( မိုင်တိုင်အမှတ်( ၁၃၁ / ၆ ) နှင့်( ၁၃၁ / ၇ )ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတားကို ယနေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ( ၁ )နှင့် PDF ပူးပေါင်းအဖွဲ့သည် ကျုံအိတ်တံတားတွင် လုံခြုံရေးစောင့်ကြပ်ဆောင်ရွက်ပေးနေသော တပ်ပ်ဖွဲ့ဝင်များရှိသည် PPTT စက်သုံးဆီဆိုင်အဟောင်းသို့ ၄၀ မမ ဗုံးသီး ၆ လုံးပစ်ခတ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ လုံခြုံရေးတပ်ဖွဲ့များ၏နေရာ အဝေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားသည် ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်က အကြမ်းဖက်သောင်း ကျန်းသူ KNU တပ်မဟာ( ၁ )နှင့် PDF ပူးပေါင်းအဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက်ပိုင်း တံတားကို ပြန်လည်ပြုပြင်တည်ဆောက်ရေးဆောင်ရွက်နေမှုကို မကြာခဏ နှောက်ယှက်ပစ်ခတ်ခြင်း၊ Drop Bomb ပစ်ချတိုက်ခိုက်ခြင်းများပြုလုပ်လျှက်ရှိကြောင်း၊ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် မြန်မာ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းပေါ်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းပြုလုပ်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးပျက် ပြားပြီး နိုင်ငံစီးပွားရေကို ထိခိုက်စေရန် ရည်ရွယ် ၍ လုပ်ဆောင်နေကြောင်း သိရပါသည်။
#PAN