အောင်လံမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၁

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊သမ္ဘူလအခြေစိုက်၊ တပ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း၊ ၄၈ နှစ်၊ (ဘ)ဦးမြဟန် ကို PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဆိုင်ကယ်၂စီး လူ၄ ဦးသည် ယမန်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်တွင် ဦးဇော်ထွန်းအိမ်အတွင်းသို့ သေနတ်ဖြင့်လာရောက် ပစ်သတ်သွားကြောင်း သိရှိရပါသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဇော်ထွန်း မှာ ညားပါးကျည်ဖောက်၀င်ဒဏ်ရာ တစ်ချက်၊ ညာနံရိုးအောက်ကျည်ဖောက်၀င်ဒဏ်ရာတစ် ချက်၊ညာလက် တစ်ချက်  ထိမှန်ခဲ့ကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

       ဦးဇော်ထွန်းမှာ ပြည်ခိုင်ဖြိုးပါတီမှ စည်းရူံးရေးမှူးဖြစ်ကြောင်း သိရပါသည်။ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရှိရပါသည်။

#PAN