“ယခုနှစ် ပြင်သစ်နိုင်ငံတော် အားလပ်ရက် အခမ်းအနားနေ့တွင် အိန္ဒိယ ဝန်ကြီးချုပ်အား ဂုဏ်ပြု ဧည့်သည်တော်အဖြစ် ပြင်သစ် သမ္မတ က ဖိတ်ကြားထား”

ဇူလ်ိုင် ၁၁

ယခုနှစ် ပြင်သစ်နိုင်ငံ၏ အားလပ်ရပ် နေ့ကြီးဖြစ်သည့် Bastille နေ့ အခမ်းအနားပွဲကြီးကို ဂုဏ်ပြုဧည့်ခံသည့် အနေဖြင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က လာမည့် ဇူလိုင် ၁၄ ရက် သောကြာနေ့တွင် ပြင်သစ်နိုင်ငံ အတွင်းရှိ ကမ္ဘာကျော် Louvre ပြတိုက်ကြီး တွင် သမ္မတ Emmanuel Macron နှင့်အတူ ညစာစားပွဲကျင်းပသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ Macron ရုံးက ပြီးခဲ့သည့် ဇူလိုင် ၁၀ရက် တနင်္လာနေ့တွင် တရားဝင်သတင်း ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံအတွင်းရှိ ကမ္ဘာ့အကြီး ဆုံးပြတိုက်ကြီး မှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ နှင့်အတူ ဂုဏ်ပြုညစာစားပွဲအတွက် ပြင်သစ်နိုင်ငံရဲ့ အားလပ်ရက်နေ့မှာ ဧည့်သည်တော် ၂၀၀ ကျော်နီးပါး ပါဝင်ကြမှာဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့အထင်ကရ အနုပညာ လက်ရာအများအပြားကို အထူးကြည့်ရှု အားပေးကြမှာဖြစ်တယ်လို့ ပြင်သစ် သမ္မတ ရုံးက​ပြောကြားခဲ့ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။