ရွှေကူမြို့မရဲစခန်းကို အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဒရုန်ဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်

ဇူလိုင် ၁၁

     ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့
နယ်၊  ‌ရွှေကူမြို့မရဲစခန်းကို ယနေ့  ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဒရုန်ဖြင့် ဗုံးနှစ်လုံးလာရောက် ပစ်ချခဲ့ရာ ရဲတပ်ဖွဲ့ဝင်၏ ဇနီးတစ်‌ဦး ဝဲဘက်ပါတွင် ဗုံစထိမှန်ဒဏ်ရာရရှိ
သွားကြောင်း သိရပါသည်။

     အလားတူ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်ကလည်း အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ရွှေကူမြို့ မရဲစခန်းကို ဒရုန်းဖြင့် ဗုံးတစ်လုံ ပစ်ချခဲ့သေးကြောင်း၊ မြို့လယ်ရှိ ရဲစခန်းအား ဒရုန်းဖြင့် ဗုံးချမှုများကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြကြောင်း သတင်းရရှိပါသည်။

#PAN