ရေစကြိုမြို့နယ်တွင် လူသတ်အကြမ်းဖက် PDF များက ကျောင်းသား/သူများ ကျောင်းမတက်နိုင်ရန်အတွက် မိုင်းခွဲမှုများပြုလုပ်

ဇူလိုင် ၁၁

     ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ညောင်ဇောက်အုပ်စု၊ ညောင်ဇောက်ရွာမှ ကျောင်းသား/သူများ သည် မြို့ပေါ်သို့ ကျောင်းတက်ရန်ပြင်ဆင်နေစဥ် ကျောင်းမသွားနိုင်ရန် လူသတ်အကြမ်းဖက် PDF များက ရွာထိပ်မှစောင့်၍ မိုင်းခွဲခဲ့ကြောင်း၊ မိုင်းခွဲမှုကြောင့် ကျောင်းသား/ သူများထိခိုက်မှုမရှိပါကြောင်း သိရပါသည်။

       အလားတူ ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ရေစကြိုမြို့၊အမှတ်(၃)ရပ်ကွက်၊ ပန်းတော်ပြင် အမကကျောင်းဝိုင်းရှေ့တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များ ဆိုင်ကယ်ဖြင့်ရောက်လာပြီး မိုင်းထောင်ဖောက်ခွဲ ပြုလုပ်ကြကြောင်း၊ ၄င်းနောက် ညနေ ၃ နာရီခွဲ ကျောင်းဆင်းခါနီးအချိန်တွင် လည်း ထပ်မံ၍မိုင်းထောင်ဗုံးခွဲ​ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ပြုလုပ်ခြင်းများကြောင့် လုံခြုံရေးအဖွဲ့များ သွားရောက်ရှင်းလင်းရာ နောက်ထပ်မိုင်းထောင်ဗုံးခွဲ ပြုလုပ်သွားကြကြောင်း၊ ထိုသို့ မိုင်းခွဲမှုများပြုလုပ်သော်လည်း
ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။

   ယခုရက်ပိုင်းတွင်  စာသင်ကျောင်း(ဖွင့်ကျောင်းများ)ဆက်လက်မဖွင့်နိုင်ရန် အကြမ်းဖက်များ သည် အဖျက်အမှောက်လုပ်ရပ်များ ခပ်စိပ်စိပ်ပြုလုပ်လာပါကြောင်း သိရှိရပါသည်။

#PAN