မြင်းခြံမြို့နယ်တွင် ကျောင်းထိုင်ဆရာတော် တစ်ပါးကို PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများက ဘုန်းကြီးကျောင်းဝန်းအတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၁

     ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဂွေးပင်ရိုးကျေးရွာအရှေ့ဖက်ပိုင်းတွင်ရှိသော စိတ္တသုခ ကျောင်းဝင်းအတွင်းရှိဓမ္မာရုံ၏မြောက်ဘက် ပေ ၅၀ခန့်အကွာတွင် ကျောင်းထိုင်ဆရာတော် ဦးပညာသာမိ(လူအမည်)ဦးမျိုးသန့်၊သက်တော် ၄၅နှစ်၊ဝါတော် ၂၅ဝါ၊(ဘ)ဦးအောင်မောင်း ကို  PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) တို့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆရာ တော် ဦးပညာသာမိ တွင် ဦးခေါင်းနောက်စေ့ ဝဲဘက်ခြမ်း ကျည်ဖောက်ဝင်ပြီး ယာဘက် မျက်စိ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ အခင်းဖြစ်နေရာအနီးမှ M-22 ကျည်ခွံ ၁ ခွံ အားတွေ့ရှိခဲ့ရကြောင်း သိရပါသည်။

    ဖြစ်စဥ်မှာ  ပျံလွန်တော်မူသူ ဆရာတော် ဦးပညာသာမိ သည် လက်သမားဆရာ ဦးဝင်းနိူင်၊၄၃နှစ်၊(ဘ) ဦးအောင်မြိုင်၊ဂွေးပင်ရိုးကျေးရွာနေသူမှ ကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံတံခါးဘောင်များ ပြုလုပ်နေသည်ကို ကြည့်ရှုနေစဥ် အမည်မသိ PDF အမည်ခံ အကြမ်း ဖက်သမား ၅ ဦးက ဆိုင်ကယ်စီးဦးထုပ်များ ကိုယ်စီဆောင်းလျက် သေ နတ်အရှည်များကို ပုဆိုးများဖြင့်ပတ်ကာ ဆိုင်ကယ် ၄စီးဖြင့် ရောက်ရှိလာကြောင်း၊ကျောင်း တိုက်ရှေ့ မုခ်ဦးအရောက်တွင် ဆိုင်ကယ်များရပ်ကာ ပုဆိုးများဖြင့်ပတ်ထားသော သေ နတ်များကိုထုတ်ယူ၍ ၄ ဦးမှာ သေနတ်များကိုင်ဆောင်ကာ မုခ်ဦးအနီးစောင့်နေကြောင်း၊ အကြမ်း ဖက်သမား ၁ ဦးက ဆရာတော်နှင့် ဦးဝင်းနိူင်တို့အနီးလာရောက်ခဲ့ကြောင်း၊ ထိုသို့လာရောက်ပြီး ဦးဝင်းနိူင်အား အန္တရာယ်ပြုခြင်းမရှိဘဲ ဆရာတော်ဦးပညာသာမိအား ဘုန်းကြီး ခဏလာအုံးဟု ပြောဆိုပြီးဆရာတော်အား လက်ဆွဲခေါ်ဆောင် သွားကာ ဓမ္မာရုံမြောက်ဘက် ပေ ၅၀ခန့်အကွာ အရောက်တွင် ဆရာတော်အားမှောက်ခိုင်းပြီး သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ကာ တောင်ဘက် တောင်ရှေ့ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

     ပျံလွန်တော်မူသူ ဆရာတော် ဦးပညာသာမိ သည် ပရဟိတဆရာတော်ဖြစ်ကြောင်း၊ ကျေးရွာရှိ ကျောင်း သူ၊ ကျောင်းသား ကလေးများကို ဆရာတော်၏ မော်တော်ယာဥ် ကြို/ပို့ခြင်းများ မကြာခဏ ပြုလုပ်ပေးကြောင်း သိရပါသည်။NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို ဖမ်း ဆီးသတ်ဖြတ်ခြင်းများပြုလုပ် နေကြကြောင်း၊ ယခုဖြစ်စဥ်တွင် သာမန်ပြည်သူထပ် မြင့်မြတ် သော သံဃာတစ်ပါးကို ရက်ရက်စက်စက် သတ် ဖြတ်သွားခြင်းဖြစ်ရာ ဗုဒ္ဓဘာသာဝင် မဟုတ်သူ သို့မဟုတ် ဘာသာမဲ့ လူသတ်အကြမ်းဖက်များက သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း သိရပါသည်။

#PAN