ပေါက်မြို့နယ်အတွင်းရှိ ပြည်သူစစ်ရွာများကိုလူသတ်အကြမ်းဖက် PDF များက သာလွန်အင်အားဖြင့် တိုက်ခိုက်

ဇူလိုင် ၁၁

     ယနေ့ နံနက် ၅ နာရီအချိန်ခန့်က မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာနှင့် ရွာသစ်ရွာ နှစ်ရွာတို့မှာ ကပ်လျက်ရှိပြီး နှစ်ရွာပေါင်း ၍ ပြည်သူစစ်ဖွဲ့ထားရာ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ငါလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ရာ  ရွာသစ်ဘက်ခြမ်းမှ ပြည်သူ ၇ ဦးအသတ်ခံခဲ့ရပြီး
ပြည်သူ့စစ် တစ်ဦးကျဆုံးခဲ့ရကြောင်း၊ ရွာအတွင်း
အိမ်ခြေ ၃၀ ခန့်ကိုလည်း မီးရှိုဖျက်ဆီးခဲ့ရကြောင်း၊ လေကြောင်းပစ်ကူရဟတ်ယာဥ်မှာ နံနက် ၇ နာရီခွဲတွင် ရောက်ရှိပစ်ကူပေးခဲ့ရာ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ၎င်း အကြမ်း ဖက် PDF များ သေဆုံး ထိခိုကိဒဏ်ရာရရှိမှု အများအပြားရှိကြောင်း သိရပါသည်။

     လွန်ခဲ့သည့် ၉ လခန့်ကလည်း အဆိုပါ ညပည်သူ့စစ်ရွာ တပ်ကုန်းဘက်အခြမ်းကို ထိုနည်းတူစွာ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ခဲ့သေးကြောင်း သိရပါသည်။

     ယနေ့ လာရောက်တိုက်ခိုက်သော အကြမ်း ဖက် PDFအင်အားမှာ ၆၀၀ ကျော်ခန့်ရှိသည်ဟုသိရပြီး ယနေ့ညနေပိုင်းက ပေါက်မြို့နယ်၊ခင်ရှည်ရွာတွင် အင်အား ၂၀၀ခန့်နှင့် ထန်းတောလယ်ရွာတွင် အင်အား ၁၅၀ခန့် အခြေပြုနေကြောင်းနှင့်
ယခုညပိုင်းတွင်လည်း အခြားပြည်သူစစ်ရွာတစ်ရွာကို တိုက်မည်ဟု ဒေသခံပြည်သူများထံမှသတင်း ရရှိပါသည်။

#PAN