ကန်ကြီးထောင့်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ရေကျော်ကုန်းရွာမှ ကျွဲနွားဖြင့်လယ် ထွန်သူ လယ်သမားများအကြား စားကျက်မြေကိစ္စဖြင့် ပဋိပက္ခဖြစ်ပွား၊အထက်ဌာနများမှ ဖြေရှင်းပေးစေလို

ဇူလိုင် ၁၁

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ဘုရားချောင်းအုပ်စုရေကျော်ကုန်းရွာမှ ကျွဲနွားဖြင့်လယ်ထွန်သူ လယ်သမားများအကြား စားကျက်မြေကိစ္စဖြင့် ဝိရောဓိဖြစ်နေကြောင်းကြားသိရပါသည်။

      ဖြစ်စဥ်မှာ ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ကျွဲတလင်းစားကျက်ကွင်းကို
၅၅ ဧကကို ကျွဲနွားတိရိစ္ဆာန်မျစားရန် စားကျက် မြေအဖြစ် ချန်လှပ်ပြီး ကျန်ဧရိယာကိုလယ်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောင်းလဲသုံးစွဲခွင့်ပေးခဲ့ပါသည်။

      ထိုချန်လှပ်ထားသော စားကျက်မြေ ၅၅ဧကကို ထွန်စက်ရှိလယ်သမား ၁၁ ဦးက စက်ဖြင့်ဝင်ရောက်ထွန်ယက်မှု စတင်ပြုလုပ်ကြောင်း၊ လယ် သမားကျွှဲနွားပိုင်ရှင်များက ကန့်ကွက်သော်လည်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက စိုက်ဧကတိုးတက်ရေးအတွက် အထက်ကခိုင်းသဖြင့် လုပ်ခွင့်ပေးခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ကျွဲနွားဖြင့်လယ်လုပ်သူများအကြား ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိကို အထက်ဌာနများမှ လူကြီးများက သိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း ကျွဲနွားပိုင်ရှင်လယ်သမားများက သတင်းပေးပို့လာပါသည်။

#PAN