ကယားပြည်နယ်၊ ရွာသစ်ရှိ တိုက်ပွဲရှောင်စခန်းမှ KNDF ရင်း(၂၁)မှ အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ဇူလိုင် ၁၁

     ယမန်နေ့က ကယားပြည်နယ်၊ ရွာသစ်ရှိ တိုက်ပွဲရှောင်စခန်းအား တပ်မတော်မှဝင်ရောက်ရှင်းလင်းရာ KNDF ရင်း(၂၁)မှ အကြမ်းဖက်သောင်းကျန်းသူ ကြည်စိုင်းဘိုလှိုင် (KNDF)၊ ကျော်ဇင်ဝင်း(KNDF)၊ သာဘိ (ကလလတ ထောက်ပို့)တို့ ၃ ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။


      ၎င်းအကြမ်းဖက်များနှင့်အတူ အမ်-၁၆ သေနတ် ၂ လက်၊ FGC-9 သေနတ် ၁ လက်၊ ဘီအေ-၆၃ သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံနှင့် ကျည်ဆံများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN