“သြစတြီးယားနိုင်ငံOMV စွမ်းအင် ကုမ္ပဏီကြီး ၏ CEO က ရုရှားနိုင်ငံမှ တင်သွင်း သော ရေနံ နှင့် သဘာဝဓာတ်ငွေ့များကို ပိတ်ဆို့ အရေးယူမှု များပြုလုပ်ခြင်းသည် ကမ္ဘာ့နိုင်ငံ များအတွက် ကုန်စျေးနှုန်း မြင့်တတ်မှုများကို တွန်းအားပေး မှုများဖြစ်ပေါ်စေနိုင်ကြောင်း ထောက်ပြပြော ဆိုခဲ့”

ဇူလိုင် ၁၀

ဥရောပတိုက် အရှေ့အလယ်ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် သြစတြီးယား(Austrian)နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ ရေနံ နှင့် သဘာဝဓာတ်ငွေ့ များ တင်သွင်းသည့် OMV ကုမ္ပဏီကြီးသည် ရုရှားနိုင်ငံထံမှ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့စွမ်း အင်များကို အဓိကထား ဆက်လက် ဝယ်ယူသွားမည်ဖြစ်ပြီး ရုရှားစွမ်းအင် ကုမ္ပဏီကြီး ဖြစ်သည့် Gazpromကုမ္ပဏီကြီး နှင့်လည်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုများအတွက် ကာလရှည် စာချုပ်ချုပ်ဆိုထားကြပြီးဖြစ်ကြောင်း OMV Group ကုမ္ပဏီကြီး၏ CEO ဖြစ်သူ Alfred Stern က ပြီးခဲ့သည့် ဇူလိုင် ၉ရက် တနင်္ဂနွေနေ့ က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဩစတြီးယားနိုင်ငံ စွမ်းအင်ကုမ္ပဏီကြီး၏ အကြီးအကဲက ရုရှားနိုင်ငံမှ ထွက်ရှိသော ရေနံ နှင့် သဘာဝဓာတ်ငွေ့ အပေါ် ဖြစ်နိုင်ခြေရှိသော ပိတ်တို့ အရေးယူမှုများပြုလုပ်ခဲ့ကြခြင်းသည် အနောက်နိုင်ငံများ၏ မူဝါဒချမှတ်သူများက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံ ကနေတင်သွင်းသော အရင်း အမြစ်များကို ဖယ်ရှားပစ်ခြင်းသည် ကမ္ဘာ့နိုင်ငံများ အတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုများကိုသာ တွန်းအားပေးလိမ့်မည် ဖြစ်ကြောင်း သြစတြီးယား နိုင်ငံတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲ တစ်ခုတွင် ၎င်းက ဖော်ပြပြောဆိုခဲ့ တာလည်းဖြစ် ပါတယ်။

ထို့နောက် Stern က OMV ကုမ္ပဏီကြီးသည် ၂၀၁၈ ခုနှစ် မှ ၂၀၄၀ ခုနှစ် အထိ ရေနံ နှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုများအတွက် ရုရှားနိုင်ငံစွမ်းအင် ကုမ္ပဏီကြီး Gazprom နှင့် သဘောတူသက်တမ်းတိုးခဲ့ကြသော ၎င်းတို့၏ ရေရှည်စွမ်းအင် ထောက်ပံ့ရေး ဆိုင်ရာစာချုပ်မှ နုတ်ထွက်ရန် အစီအစဉ် တစ်စုံတစ်ရာ မပြုလုပ် ထားကြောင်း Stern က ထပ်လောင်း ပြောကြားခဲ့ပါသေး တယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆို ထားကြ ပါတယ်။