“တူရကီ နှင့် ဆီးရီးယား နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးများ ပိုမိုအားကောင်း လာပြီး ရုရှားနိုင်ငံအတွင်း နှစ်နိုင်ငံခေါင်း ဆောင်များ တွေ့ဆုံမှုများပြုလုပ်သွားဖွယ်ရှိနေ”

ဇူလိုင် ၁၀

တူရကီနိုင်ငံ၏ သမ္မတ အာဒိုဂန် နှင့် ဆီးရီးယားနိုင်ငံ၏ သမ္မတ ဘာရှာအယ်လ်အာဆတ် တို့ကြား၌ ရုရှားသမ္မတ ဗလာဒီမာပူတင် ကဦးဆောင်ပြီး တွေ့ဆုံမှုများ ပြုလုပ်သွား ရန်မျှော်လင့်ရကြောင်း ရုရှားဒေသ တွင်းရှိ သတင်း ဌာနများ ကဖော်ပြပြော ဆ်ိုထားကြပါတယ်။

ဆီးရီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ အထူးကိုယ်စားလှယ် Alexander Lavrentiev က အဆိုပါ သတင်းကို ထုန်ပြန်ကြေညာခဲ့တာလည်းဖြစ် ပါတယ်။

ဆီးရီးယားနိုင်ငံ၏ သမ္မတ Bashar Assad နှင့် တူရကီနိုင်ငံ၏ သမ္မတ Recep Tayyip Erdogan တို့သည် ဆီးရီးယား-တူရကီ နှစ်နိုင်ငံ ဆက်ဆံရေးများ ပုံမှန်ပြန် လည်ထူ ထောင်ရေးအတွက် လမ်းပြမြေပုံတစ်ခု သို့မဟုတ် အစီအစဥ်များ ပြီးဆုံးပြီးနောက် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ရှေ့မှောက်တွင် မကြာမှီအချိန်အတွင်း တွေ့ဆုံမှုများပြုလုပ် နိုင်ဖွယ်ရှိနေကြောင်း Alexander Lavrentyev က ပြီးခဲ့သည့် ဇူလိုင် ၉ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Al-Arabiya ရုပ်မြင်သံကြားလိုင်း နှင့် ဆီးရီးယား နိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၏ အထူးကိုယ်စားလှယ် Alexander Lavrentiev တို့၏ အင်တာဗျူးတစ်ခုတွင် ဆီးရီးယားနိုင်ငံ နှင့် တူရကီနိုင်ငံ တို့ကြား နှစ်နိုင်ငံဆက်ဆံရေးများ ပုံမှန် ပြန်လည် ထူထောင်ရေးလုပ် ငန်းစဉ်များ သည် ယခုနှစ်အတွင်း လတိုင်း နည်းပါး ပိုမို တိုးတက်အားကောင်း လာနေကြောင်း ၎င်းက မှတ်ချက်ချ ထပ်လောင်း ပြော ကြားထားတာ လည်းဖြစ်ပါတယ်လို့ သတင်း ဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။