တာချီလိတ်မြို့နယ်အတွင်း ပျောက်ဆုံး ၊လုယက်ခံရသည့် ဆိုင်ကယ် (၁၉)စီးနှင့် အတူ တရားခံ (၉)ဦးအား ဖမ်းဆီးရမိဆိုင်ကယ်ပျောက်ဆုံးသွားသူများအနေနှင့် မိမိတို့ဆိုင်ကယ်ဖြစ်ကြောင်း သက်သေ အထောက်အထား ပြနိုင်ပါက လာရောက်ထုတ်ယူနိုင်ဟုဆို

ဇူလိုင် ၁၀

       တာချီလိတ်မြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ ဆိုင်ကယ်များ ခိုးယူ ပျောက်ဆုံး လုယက်ခံရနေရကြောင်း သတင်းရရှိသည့်အတွက် မြို့နယ်တွင်း ဆိုင်ကယ် ခိုးမှုများ ကျူးလွန်သည့် ပြစ်မှုရှိသည့်သူများနှင့် ဆက်စပ်သူများကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဇော်လင်းအောင် ဦးဆောင်သော ရဲတပ်ဖွဲ့များမှ ရှာဖွေ စစ်ဆေးခဲ့ရာ  ပျောက်ဆုံး လုယက်ခံရသည့် ဆိုင်ကယ် ၁၉ စီးနှင့် ပြစ်မှူကျူးလွန်သူ ၉ ဦးတို့အား  ယခု ဇူလိုင်လ ပထမပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

       ၂၀၂၃ခုနှစ် မေလ အတွင်း၌ တာချီလိတ် မြို့နယ်၊ ပုံလို့ကျောင်းဝန်းအတွင်း မြို့နယ်ပညာ ရေးမှူးရုံးမှ  ပြန်လာသည့် ကျောင်းဆရာမ တစ်ဦးထံမှ ဓားနှင့်ထောက်၍ ဆိုင်ကယ်လုယက်မှု ဖြစ် ပွားခဲ့ရာ ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၅၂/ ၂၀၂၃၊ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ အရ အရေးယူ ဆောင်ရွက်ရန် စတင်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၃ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် သတင်း ပေးများ၏ ချိန်ဆက်ကူညီမှုဖြင့် တာချီလိတ် မြို့နယ်တွင် ခိုးမှုများ ကျူးလွန်နေသူများအား ဖမ်းဆီးရမိခဲ့ပြီးနယ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးရမိသူများကို စစ်ဆေးရာ ရန်အောင်မြေ ရပ်ကွက်၊ပါလျံ (၂)၊ဆန်ဆိုင်း (ခ)ရပ်ကွက် စသည့် မြို့ပေါ်ရပ်ကွက် များတွင် ဆိုင်ကယ်  ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ရာ တရားခံများမှ ခိုးယူထားသည့် ဆိုင်ကယ်များအား ပြန်လည် ရောင်းချထားသည့် ဆိုင်များအထိ လိုက်လံစိစစ်ပြီးနောက် ဆိုင်ကယ်များနှင့်အတူ  ခိုးဘီးများလက်ခံထားသူများကိုပါ အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း သိရသည်။

     ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၅၂/၂၀၂၃၊ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ အရ  တာချီလိတ် မြို့​ေပါ်ရပ်ကွက်များတွင် ဆိုင်ကယ်များအား ခိုးမှု၊လုယက်မှု ကျူးလွန်ခဲ့သူ ခိုင်မင်းထွန်း၊မင်းခန့်ကျော်၊အောင်မျိုးထွန်း၊ရီဝေယံ၊ဥာဏ်လင်းထွန်း၊ကိုကိုအောင် တို့ ၆ ဦးနှင့် သက်သေခံ ဆိုင်ကယ်များ ရောင်းချ ဝယ်ယူခဲ့သူ တရားခံ စိုင်းပြည့်ဖြိုးအောင်၊စိုင်းဆတ်၊ဇော်သိန်း တို့ ၃ ဦးအား ဇူလိုင်လ ၈ ရက်နေ့ တွင် ဆိုင်ကယ် ၁၉ စီး၊လု ယက်ရာတွင် အသုံးပြုခဲ့သည့် ဓားနှင့်အတူ အမှုဖွင့် အရေးယူခဲ့ပါသည်။

     ဖမ်းဆီးရမိသည့် ဆိုင်ကယ် (၁၉)စီးအား  ဆိုင်ကယ် ပျောက်ဆုံးသွားသူများအနေနှင့် မြို့မရဲစခန်း ၊တာချီလိတ်တွင် မိမိတို့ဆိုင်ကယ် ဖြစ် ကြောင်း သက်သေများနှင့်တကွ လာရောက်စစ်ဆေးထုတ်ယူနိုင်​မည်ဟု ကြေငြာထားကြောင်း သတင်းရရှိပါသည်။

#PAN