မြဝတီမြို့တွင် အပြစ်မဲ့ပြည်သူ အမျိုးသား တစ်ဦး အကြမ်းဖက်သောင်းကျန်းသူ KNLA အဖွဲ့က ပစ်ခတ်သော လက်နက်ကြီးစထိမှန်

ဇူလိုင် ၁၀

       ယနေ့ မွန်လွဲ ၂ နာရီခွဲအချိန် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ရွှေမြင့်မိုရ်ဦး၊ သစ္စာမဏ္ဍိုင်ဘုန်းကြီးကျောင်းအနောက်၌ အမျိုး သားတစ်ဦး လက်နက်ကြီးအစမှန်၍လဲကျနေကြောင်း သတင်းပေးပို့လာမှုအရ အမှတ် ၃ရပ်ကွက် ရာအိမ်မှူး ဦးခင်ရွှေမှ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လူနာအား ရပ်ကွက်ကားဖြင့် မွန်လွဲ ၂ နာရီ ၄၅ မိနစ်အချိန် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနိုင်ရန်အတွက် ပို့ဆောင်ခဲ့

     ၄င်းဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ဆေးရာ  ဦးအောင်ဘို၊ ၄၂နှစ်၊(ဘ)ဦးသန်းထွန်း၊ ကရင်/ဗုဒ္ဓ၊ တောင်ယာလုပ်၊ ၃/မဝတ(နိုင်)၀၉၁၉၇၈၊ အမှတ် (၃)ရပ်ကွက်၊ ရွှေမြင့်မိုရ်ဦး၊ မြဝတီမြို့နေထိုင်သူမှာ ဝဲဘက်ခြေသလုံး ဒဏ်ရာ ၁ ချက်၊ ယာဘက် ခြေညိုး ပြက်စဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်ဘတ်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။

#PAN