မိုင်းရှူးမြို့ရှိ မြင့်မိုရ်ရွှေဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွား ခန့်မှန်းတန်ဘိုး ကျပ်သိန်း (၄ဝဝ)ခန့်အား ယူ ဆောင်သွား

ဇူလိုင် ၁၀

       ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၊ အမှတ်(၂) ရပ်ကွက်၊ နတ်ရှင်နောင်လမ်း၊ မြို့မဈေး၊ ဆိုင်ခန်းအမှတ် D-5 ရှိ မြင့်မိုရ်ရွှေဆိုင်တွင် ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဓားပြတိုက်မှုဖြစ်ပွားကြောင်း၊ရွှေဆွဲကြိုး၊ လက်စွပ်၊ နားကပ်၊ ဆွဲပြား၊ဟန်းချိန်း၊ စုစုပေါင်း (၁၃)ကျပ်သားခန့်၊ ခန့်မှန်းတန်ဘိုး ကျပ်သိန်း (၄ဝဝ)ခန့်အား ယူ ဆောင်သွားကြောင်း သိရှိရပါသည်။

       ဖြစ်စဥ်မှာ ဆိုင်ပိုင်ရှင် ဦးအောင်သိန်းနှင့် မောင်နှမဝမ်းကွဲ တော်စပ်သူ မနန်းခမ်းလော ၂၈ နှစ်၊ (ဘ)ဦးခွန်ထွန်းစိန်၊ ရှမ်း/ဗုဒ္ဓ၊ ဈေးရောင်း သည် ရွှေဆိုင်ကောင်တာတွင် ထိုင်နေစဉ် 5H-7581 Toyota Wish အမျိုးအစားအဖြူရောင်မော်တော်ယာဉ် ၁ စီး ဆိုင်ရှေ့သို့ရောက်ရှိလာပြီး ၎င်းကားပေါ်မှ အမည်မသိ အမျိုးသား ၂ ဦးမှ မျက်နှာတွင်Mask အနက်ရောင်တပ်လျှက်၊ နက်/ပြာရောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်အဖြူ၊ တပ်လျက် ဆင်းလာကာ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး ရှမ်းစကားဖြင့်ဈေးဦးဖောက်ပေးမည်ဟုပြောဆိုကာ ၎င်းအမျိုးသား ၂ ဦးမှ စတီးရောင်ပစ္စတိုသေနတ် ၁ လက်စီအား ထုတ်ပြခဲ့ကြသဖြင့် မနန်းခမ်းလောမှ ဆိုင်အပြင်သို့ထွက် ပြေးသွားစဉ် ဆိုင်ခန်းကောင်တာအတွင်းရှိ ရွှေထည် လက်ဝတ်ရတနာများကိုယူဆောင်ပြီး ဗိုလ်ချုပ်လမ်း အတိုင်း မိုင်းစံမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN