ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၏အရှေ့ဘက်တွင် ကညွတ်ကွင်း – မိဿလင်လမ်းမပေါ်ရှိ ဖျာလိတ်ချောင်းကွန်ကရစ်တံတားကို အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီး

ဇူလိုင် ၁၀

       ယနေ့ နံနက် ၄ နာရီ ၁၀ မိနစ်ချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၏အရှေ့ဘက်တွင် ကညွတ်ကွင်း – မိဿလင်လမ်းမပေါ်ရှိ ခင်ကြီးရွာနှင့် သရက်ကုန်းရွာကြား ဖျာလိတ်ချောင်းကွန်ကရစ်တံတားကို အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲကြောင်း သိရှိရပါသည်။

     အခင်းဖြစ်နေရာသို့ နယ်မြေခံ လုံခြုံရေးပူး ပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း၊တံတားအားယာယီသွားလာနိုင်ရန်အတွက် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ရွာသား ၅၀ ဦးခန့်မှ လူ/သုံးဘီးဆိုင်ကယ် များယာယီ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ ယာယီတံတား ဆောက်လုပ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်း ရပါသည်။

     အဆိုပါ ဖျာလိတ်ချောင်းကွန်ကရစ်တံတားမှာ
အရှည် ၃၀ ပေ၊ အကျယ် ၁၆ ပေခန့်၊ ကျေးဖွံ့မှ ၂၀၁၇-၁၈ ခန့်ကတည်ဆောက် ကျပ်သန်း ၃၀ ကုန်ကျခံတည်ဆောက်ထားသည့် တံတားဖြစ်ကြောင်း သိရပါသည်။

ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG ၏ ညွှန်ကြားချက်ဖြင့် အကြမ်းဖက်လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နေသော ပြည်တွင်းအကြမ်းဖက်အဖွဲ့ KNU နှင့် PDF အဖွဲ့များသည် စစ်အာဏာရှင်ပြုကျရေး ခေါင်းစဥ်တပ်ပြီး ​အများပြည်သူများအသုံးပြုနေသည့် တံတား၊အဆောက်အဦများကို ယခုလို ဖျက်ဆီးနေကြခြင်းသည် အစိုးရကို ထိခိုက်ခြင်းထက် လက်တွေ့တွင်ပြည်သူများကို ဒုက္ခများကြုံတွေစေကြောင်း သိရပါသည်။

#PAN