ယင်းမာပင်မြို့ပေါ်သို့ လူသတ်အကြမ်းဖက် PDF များက ဒရုန်းအသုံး ပြုကာ Drop Bomb များဖြင့် ပစ်ချခဲ့၊ အပြစ်မဲ့ပြည်သူ ၉ တန်းကျောင်းသူတစ်ဦးကို ဗုံးစထိမှန်

ဇူလိုင် ၁၀

      ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ပေါ်သို့ လူသတ်အကြမ်းဖက် PDF များက ဒရုန်းအသုံး ပြုကာ Drop Bomb များဖြင့် ပစ်ချခဲ့ကြောင်း သိရပါသည်။

      ထိုသို့ Drop Bomb များ ပစ်ချခြင်းကြောင့်
ယင်းမာပင်မြို့၊ (ခ) ရပ်ကွက်နေ ဦးခင်မောင်မြင့် အိမ်ပေါ်သို့ ကျရောက်ခဲ့ရာ ဦးခင်မောင်မြင့်၏ သမီး ၉ တန်းကျောင်းသူအား ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်အထိ ဒရုန်းများဝဲကာ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

     လူသတ်အကြမ်းဖက် PDF များသည် လက် နက်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်ရာရောက်ကြောင်း သိရှိရပါသည်။
(Internet အခက်အခဲကြောင့် ဓာတ်ပုံဖော်ပြနိုင်ခြင်းမရှိပါ)

#PAN