အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာ ပဲတင်ပို့ခွင့်ရထားသည့်အပြင် G to G အရလည်း နှစ်စဉ် ပဲတင်ပို့ခွင့်ရရှိထား

ဇူလိုင် ၉

       အိန္ဒိယနိုင်ငံရဲ့ မူဝါဒအရ မြန်မာနိုင်ငံက မတ်ပဲနဲ့ ပဲစင်းငုံများကို ၂၀၂၄ ခုနှစ်၊ မတ်လအထိ လွတ်လပ်စွာ တင်သွင်းခွင့်ရရှိထားပြီး G to G အရလည်း နှစ်စဉ်ပဲတင်ပို့ခွင့် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

       G to G အရ ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံ တန်ချိန် ၁ သိန်းတို့ကို ပုဂ္ဂလိကကုန်သွယ်မှုကဏ္ဍမှ တင်ပို့ခွင့်ရရှိထားကြောင်း သိရပါတယ်။

      လက်ရှိမှာ အိန္ဒိယနိုင်ငံသို့ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံများကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် မတ်လအထိ လွတ်လပ်စွာ ပဲတင်ပို့ခွင့်ရရှိထားကြောင်းနှင့်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၃၅၂ သန်းဖိုး တင်ပို့ထားကြောင်းသိရပါတယ်။

       ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အဓိကထား တင်ပို့နေရခြင်းဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့ရာတွင် ပြည်ပပို့ကုန်ပမာဏအနေနဲ့ နှစ်စဉ်တန်ချိန် ၁ သန်းအထက် တင်ပို့နေရပြီး ပို့ကုန်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကနေ ၁ ဒသမ ၅ ဘီလျံအထိ ရရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။

#PAN