ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း ဖမ်းဆီးရမိ

ဇူလိုင် ၉

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၄ ရက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မွေမြူရေးဇုန် (၄)လမ်းဆုံတွင် တောင်ကြီးမြို့ရှောင်လမ်းဘက်မှ ရွှေညောင်မြို့ဘက်သို့ မောင်သိန်း မောင်းနှင်လာသည့် TOYOTA HILUX REVO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား နမ့်စန်မြို့နယ်မှ ကလောမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN