လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အစီးရေ ၃,၂၀၀ ကျော် ပြည်တွင်း က.ည.န မှာ မှတ်ပုံတင်ထား

ဇူလိုင် ၉

        ၂၀၂၃ ခုနှစ် ဇွန်လအထိ ပြည်တွင်းက.ည.န မှာ မှတ်ပုံတင်ထားတဲ့ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အစီးရေ ၃,၂၀၀ ကျော် ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့ ပြည်နယ်နှင့်တိုင်းခရိုင်ရုံးများမှာ အမျိုးအစားအလိုက် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စာရင်းအရ သိရပါတယ်။
အဆိုပါစာရင်းအရ လျှပ်စစ်သုံး လူစီးမော်တော် ယာဉ် ၄၆၇ စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် ၂ စီး၊ နှစ်ဘီးတပ် ၂,၄၇၄ စီး၊ သုံးဘီးတပ် ၂၆၃ စီး၊ စုစု ပေါင်း ၃,၂၀၆ စီးရှိပြီဖြစ်ကြောင်းနှင့် လူစီးယာဉ်မှာ ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ခရီးသည် ၁၅ ဦးအထက် မိုက္ကရိုဘတ်စ်၊ လိုက်ဗင်န်၊ ဂျစ်၊ Double Cab ယာဉ်များ ပါဝင်ပြီး ကုန်တင်ဝန်ပေါ့ယာဉ်တွင် ပစ်ကပ်၊ Single Cab၊ လိုက်ထရပ်၊ တင် ဆောင်နိုင်အား ၃ တန်နှင့် ၃ တန်အောက် ဗင်န်နှင့် ထရပ်ယာဉ်များ ပါဝင်ကြောင်း သိရပါတယ်။

       နှစ်ဘီးတပ်ယာဉ်မှာ စက်တပ်စက်ဘီး၊ မိုပက်ဆိုင်ကယ်၊ စကူတာဆိုင်ကယ်၊ ရိုးရိုးနှစ်ဘီးတပ်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ်များ ပါဝင်ပြီး သုံးဘီးတပ်ယာဉ်မှာ သုံးဘီးတပ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီး ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ ပါဝင်ကြောင်း သိရပါတယ်။

        လျှပ်စစ်သုံးယာဉ်အမျိုးမျိုးကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းနေခြင်းဖြစ်ပြီး လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အပါအဝင် လျှပ်စစ်သုံး EV အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရပါတယ်။

      ယခုနှစ် နှစ်ဆန်းပိုင်းအတွင်းက မြန်မာနိုင်ငံသို့ လျှပ်စစ်ကား အစီးရေ ၄ဝ ကျော် ပထမဆုံးအကြိမ် ရောက်ရှိ ခဲ့ပြီး လက်ရှိအချိန်အထိ ပြည်တွင်းသို့ လျှပ်စစ်ကားအစီးရေ ရာနှင့်ချီ၍ ရောက်ရှိထားပြီးဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာမှာဖော်ပြခဲ့သော စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်အရ သိရပါတယ်။

#PAN