မြိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသူ/သားများကို ရွာသို့အမြန်ပြန်လာရန် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက ခြိမ်းခြောက်ခြင်းကြောင့် ပြန်လာရ

ဇူလိုင် ၉

        မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်အရှေ့ မြောက်ပိုင်း၊ အောင်သုခရွာ မှ တက္ကသိုလ်ဝင်တန်းအား မန္တလေးမြို့၌ဝင်ရောက်ဖြေဆိုရာ ၅ ယောက်အောင်မြင်ခဲ့ပြီး ၎င်းကျောင်းသူ/သား ၅ ယောက်ကို ရွာသို့အမြန်ပြန်လာရန် နှင့်တက္ကသိုလ်ဆက်တက်ပါက ရွာရှိမိဘများကို သတ်ပစ်မည်ဟု လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက ခြိမ်း ခြောက်ထားခြင်းကြောင့် ပြန်လာကြရကြောင်း သိရပါသည်။

       အဆိုပါ ရွာအတွင်းရှိပညာရေးဝန်ထမ်းများသည် အခြားနေရာ၌ တာဝန်ထမ်းဆောင်နေခြင်းကို ယခုလကုန်ရက်နောက်ဆုံးထားပြီး CDM ပြုလုပ်ရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ အောင်သုခရွာ အထက်တန်းကျောင်းသည် ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သတင်းရရှိပါသည်။