ရေစကြိုမြို့နယ်တွင် တပ်မတော်နယ်မြေလုံခြုံရေးအဖွဲ့နှင့် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွား၊အကြမ်း ဖက်PDF တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဇူလိုင် ၉

        ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာအနီး၌ တပ်မတော်နယ်မြေလုံခြုံရေးအဖွဲ့နှင့် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။

     ထိုသို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တပ်မတော်နယ်မြေလုံခြုံရေးအဖွဲ့က အကြမ်း ဖက် PDF တစ်ဦးကို လက်လုပ် ၁၂ ဗို့သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၃ လုံး၊ ၁၂ ဗို့ကျည် ၂ တောင့်၊ လက်လုပ်ဗုံးသီး ၉ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

      မဲလိမ်မဲခိုးပါတီ NLD ၏ လက်ဝေခံ NUG အကြမ်းဖက် ပြည်ပြေးအဖွဲ့သည် အနောက်မီဒီယာများအားကိုရယူ၍ ”စစ်အာဏာရှင်တော်လှန် ရေး၊ ဒီမိုကရေးစီရရှိရေး” စသည့် ဝါဒမှိုင်းတိုက်မှုများကြောင့် မြန်မာလူငယ်များသည် အမိနိုင်ငံတော်ကို ကာကွယ်နေသည့် တပ်မတော်ကို အမုန်းတရားများဖြစ်ပေါ် ပြီး မြန်မာအချင်းချင်း သတ်ဖြတ် တိုက်ခိုက်နေကြခြင်းသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းအား ကျဆင်းလာအောင် အနောက်နိုင်ငံများ၏ အိမ်ကြက်ချင်းအိုးမဲသုတ်သည့် စီမံချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ မည်သည့်ဘက်က သေသေ မြန်မာများသာသေဆုံးနေခြင်းသာဖြစ်ကြောင်း တွေ့မြင်နေရပါသည်။

#PAN