ကျိုက်ထိုမြို့၊စစ်တောင်းကျေး ရွာနေသူ စံအိမ်တော်တည်းခိုခန်းပိုင်ရှင်အပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်

ဇူလိုင် ၉

        ယမန်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ကျိုက်ထိုမြို့၊စစ်တောင်းကျေး ရွာနေသူ စံအိမ်တော်တည်းခိုခန်းနှင့် NASA စားသောက်ဆိုင်ပိုင်ရှင် ဦးပြည့်စုံဟိန်း၊ ၄၆နှစ်၊ (ဘ) ဦးကျင်စွမ်း၊ ဗမာ/ဗုဒ္ဓ၊ ၁၀/ကထန(နိုင်) ၀၈၀၁၉၇၊ နှင့် အတူ ကျား ၂ ဦး(စိစစ်ဆဲ)၊ မ ၁ ဦး (စိစစ်ဆဲ)တို့သည် မုပ္ပလင်လမ်းဆုံဘက်မှ ဦးပြည်စုံဟိန်း ပိုင်ဆိုင်သည့် ယာဉ်အမှတ် MON- 6Q- 7235   SUZUKI ERTIGA အနက်ရောင် ယာဉ်ဖြင့် သိမ်ဇရပ်မြို့ဘက်သို့ လာရောက်စဉ် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွားကား လမ်းမဟောင်း၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီတိုးဂိတ်အနီးတွင် အကြမ်းဖက်သောက်းကျန်းသူ KNU/PDF ခေါင်းဆောင်(စိစစ်ဆဲ) ၃၀ ဦးတို့မှ ယာဉ်အား စစ်ဆေး၍ ကျား ၃ ဦး၊ မ ၁ ဦး တို့ကို ယာဉ်နှင့်အတူ ကမ်းနီကျေးရွာ ဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ မည်သည့်အကြောင်းအရင်းကြောင့် ယခုလို ဖမ်းဆီးရခြင်းကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

     အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့သည် ယခုလအတွင်း ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ် အနီးပတ်ဝန်းကျင်တွင်  ရန်ကုန် – မော်လမြိုင် လမ်းမကြီးပေါ်တွင် လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချခြင်း၊ ခရီးသွားပြည်သူများ၏ မော်တော်ယာဥ်များကို စစ်ဆေးခြင်း၊ငွေကြေးကောက်ခံခြင်း၊အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို ပြုလုပ်နေကြကြောင်း သိရှိရပါသည်။

#PAN