နွားထိုးကြီးမြို့နယ်တွင် သာမန်ပြည်သူတစ်ဦးကိုလူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၉

       မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ညောင်ဇင်ကျေးရွာအနီး၊နွားထိုးကြီး – ကျောက် တန်းသွား ကားလမ်းမဘေးတွင် သာမန်ပြည်သူ ဦးခင်မောင်ဆန်း၊၅၉နှစ်၊(ဘ)ဦးသန်းအောင်၊ဖောင်းချင်းကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်တွင်
သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

   ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးခင်မောင်ဆန်းတွင် ဝဲ-မျက်လုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင်သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

     ဖြစ်စဥ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ သေဆုံးသူသည် ယာဥ်အမှတ် MDY-25-8L/3468၊Light Ace အဖြူရောင်ယာဥ်ဖြင့် နွားထိုးကြီးမြို့ပေါ်မှ စျေးဝယ်ပြီး ဖောင်းချင်းကျေးရွာသို့ပြန်လာစဥ် ညောင်ဇင် – ကျောက်တန်းသွားကျေး ရွာချင်းဆက်လမ်း၊ ညောင်ဇင်ကျေးရွာအနီး အရောက်တွင် အကြမ်းဖက်သမား ၆ ဦးခန့်၊ဆိုင်ကယ် ၃စီးဖြင့် လိုက်လာကာ ယာဥ်အား တားဆီး ၍ ဦးခင်မောင်ဆန်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဦးခင်မောင်ဆန်း၏ဇနီး ဒေါ်အိချို၊၅၇နှစ်၊(ဘ)ဦးဝင်းမောင်မှ ပြောကြားချက်အရ သိရှိရပါသည်။

#PAN