ပေါက်မြို့တောင်ဘက်မှ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက လက်နက်ကြီးဖြင့် ပစ်ခတ် အရပ်သားပြည်သူအိမ်ပေါ် ကျရောက် ပေါက်ကွဲ

ဇူလိုင် ၉

       ယနေ့ ည ၈နာရီအချိန်ခန့်ကစ၍ မကွေးတိုင်းဒေသကြီး၊ပေါက်မြို့တောင်ဘက်မှ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက လက်နက်ကြီးဗုံးသီး  ၇ လုံးခန့် ပစ်ခတ်ခဲ့ရာပေါက်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ဦးကျော်ငွေ+ဒေါ်ယဥ်ယဥ်စမ်း တို့၏ နေအိမ်ပေါ်သို့
လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲရာ
နေအိမ်မီးများ လောင်ကျွမ်းခဲ့ကြောင်း သိရပါသည်။

     မီးသတ်ကား နှစ်စီးဖြင့် ငြိမ်းသတ်လျက်ရှိကြောင်း၊ လူထိခိုက်မူမရှိသော်လည်း ပစ္စည်းများစွာ ဆုံးရှုံးပျက်စီးသွားကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ PDF များက ပေါက်မြို့ပတ် လည်မှနေ၍ နေစဥ်ညဆက်ဆိုသလို လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် အမြဲပစ်ခတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN