ဘီးလင်းမြို့နယ်၊သဲဖြူချောင်းတံတား(သံတံတား)ကို အကြမ်း ဖက်သောင်းကျန်းသူ KNU တပ်မဟာ(၁)နှင့်  PDF ပူးပေါင်းအဖွဲ့များက Drop Bomb ဖြင့် နှစ်ကြိမ်တိုက်ခိုက်၊၎င်းအကြမ်းဖက်အဖွဲများ ကျိုက်ထို၊ဘီးလင်း၊သထုံအပေါ်ပိုင်းတွင် အခြေပြုရောက်ရှိနေ

ဇူလိုင် ၆

     မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့နယ်၊သဲဖြူချောင်းတံတား(သံတံတား)လုံခြုံရေးအဖွဲ့
ကို အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မ ဟာ(၁)နှင့်  PDF ပူးပေါင်းအဖွဲ့များက ဒီကနေ့ နံနက် ၁၁ နာရီ ၂ဝ မိနစ်အချိန်ဝန်းကျင်ခန့်တွင် တစ်ကြိမ်၊ ညနေ  ၃ နာရီခွဲအချိန်ခန့်တွင် တစ်ကြိမ်၊ စုစု ပေါင်း နှစ်ကြိမ်ခန့်  Drop Bomb ဖြင့် အလုံး ၂၀ ခန့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။

       ထိုသို့  ပစ်ချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အဆိုပါဖြစ်စဥ်နှင့်ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းဖြစ်စဥ်ကို အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ (၁)နှင့်  PDF ပူးပေါင်းအဖွဲ့များသည် ကား ၄စီးဖြင့် အင်အား ၆၀ ခန့်လာရောက်ပြီး ပစ်ခတ်၊ ဖောက်ခွဲခဲ့ကြောင်း၊ ၎င်းတို့သည် ကျိုက်ထိုနယ်ချောင်းစောက်ရွာဘက်မှ ဆင်းလာကာ၊ဖိုးဝသိမ်၊ညောင်ဒေါက်၊သဲဖြူးချောင်းအတိုင်း လာရောက်ခဲ့ကြောင်း၊ ကျိုက်ထို၊ဘီးလင်း၊သထုံအပေါ်ပိုင်းများတွင် အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ (၁)နှင့်  PDF ပူးပေါင်းအဖွဲ့များစွာရောက်ရှိအခြေပြုနေကြောင်း သတင်းရရှိပါ သည်။

#PAN