ကျုံအိတ်တံတားကို တံတားပြုပြင်တည်ဆောက်နေသော ရွှေသံလွှင်ကုမ္မဏီနှင့် တံတားအထူးအဖွဲ့(၁၄)တို့ကို အကြမ်းဖက်သောင်းကျန်းသူ  KNU တပ်မဟာ (၁)နှင့် PDF များက Drop Bomb ဖြင့်တိုက်ခိုက်ရန် စီစဉ်လျက်ရှိ

ဇူလိုင် ၆

     ယမန်နေ့ ၁၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ဂေါ့ကျေးရွာရှိ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီသို့ ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ ပျက် စီးသွားသော ကျုံအိတ်တံတားတွင် ၂ လွှာ ၁ ထပ် ဘေလီတံတားထိုးရန်အတွက် တံတားအထူးဖွဲ့ (၁၄)၊လမ်းတံတားဦးစီးဌာနမှ အင်ဂျင်နီယာအဖွဲ့နှင့်  မော်လမြိုင်အင်ဂျင်နီယာတပ်မှ အင်ဂျင်နီယာအဖွဲ့များရောက်ရှိ လာကြောင်း၊ ၎င်းအဖွဲ့ဖြင့် လုပ် ငန်းသုံးယာဉ် ကရိန်းကား ၁ စီး၊ အရှည် ၃၀ ပေ ၊ အကျယ် ၁၈ ပေရှိ ဘေလီသံဘောင် ၄ စုံ၊ အရှည် ၄၀ ပေအကျယ် ၁၈ပေရှိ ဘေလီသံဘောင် ၄ စုံ၊ စုစုပေါင်း ဘေလီသံဘောင် ၈ စုံတို့အား  နီဆန်း အမျိုးအစား ၁၀ ဘီးယာဉ် ၁ ဖြင့် သယ်ဆောင်ကာ ယမန်နေ့ ၁၁ နာရီအချိန်ခန့်တွင် ယမန်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်တွင် ကျုံအိတ်တံတားသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ တံတားပြုပြင်မှုများ ယနေ့စတင်ဆောင်နေသော ရွှေသံလွှင်ကုမ္မဏီ နှင့် တံတားအထူးအဖွဲ့(၁၄) တို့၏ အမြန်ဆုံးပြီးစီရန်  ဆောင်ရွက်နေမှုကို အကြမ်းဖက်သောင်းကျန်းသူ  KNU တပ်မဟာ(၁)နှင့် PDF များက Drop Bomb ဖြင့်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN