တာချီလိတ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော WISH/အဖြူရောင်မော်တော်ယာဥ်ပေါ်မှ လက်နက်/ ခဲယမ်းများနှင့်အတူ ယာဉ်မောင်းကို ဖမ်းဆီးရမိ

ဇူလိုင် ၆

     ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် အများပြည်သူ အေးချမ်းသာယာစွာ သွားလာနိုင်ရေးအတွက်  တာကော်တံတားတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက  မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ်  တာချီလိတ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော WISH/အဖြူရောင် (လိုင်စင်မဲ့) ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာတွင် လက်နက်/ ခဲယမ်းများနှင့်အတူ ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ပါသည်။

      အဆိုပါယာဥ်မှ တရုတ်နိုင်ငံထုတ် စက်လက် ၅ လက်၊ Type – 81-1 မောင်းပြန်ရိုင်ဖယ် ၄ လက်၊ တူရကီနိုင်ငံထုတ် MK– 12 Buffer Bolt System ၁ လက်၊ဂျာမနီနိုင်ငံထုတ်  HK-MP-5  သေနတ်  ၁ လတ်၊အီတလီ နိုင်ငံထုတ် Pletro Berella ပစ္စတို ၁ လက်၊ ကျည် ၁၂၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ စက်လက်ကျည်ခါးပတ်တွဲ ၄ ခု၊ လွယ်ကြိုး ၁ ချောင်းတို့ ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံများကို စစ်ဆေးမေးမြန်နေဆဲဖြစ်၍ ၎င်းတို့၏အမည်နှင့်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိမပြုသေးကြောင်း သတင်းရရှိပါသည်။

#PAN