မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း ပြည် သူ့စစ်ကျေးရွာနှင့် စာသင်ကျောင်းတွင် အခြေပြုနေသော လုံခြုံရေးပူးပေါင်းအဖွဲ့တို့ကို ရှော့တိုက်ဒုံး၊Drop Bomb များဖြင့် တိုက်ခိုက်

ဇူလိုင် ၆

     ယနေ့ နံက် ၆ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီပြည်သူ့စစ်ကျေး ရွာကို အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၁၀၀ ခန့်က ကန်နီရွာ၏လေးဖက်လေးတန်မှ လက်လုပ်စိန်ပြောင်းများ ရှော့တိုက်ဒုံးများဖြင့် အချက်ပေါင်း ၁၀၀ ခန့် အဝေးမှ လာရောက် ပစ်ခတ်ကြရာ ရွာထဲရှိနေအိမ် ၃ လုံးခန့် အမိုးသွပ်ပြားများပျက်စီးသွားပြီး အမျိုးသမီး ၁ ဦးမစိုးရိမ်ရ ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့ ပစ်ခတ်မှုကို နံက် ၁၀ နာရီခန့်တွင် ရပ်တန့်သွားကြောင်း သိရပါသည်။

       အလားတူ မြိုင်မြို့နယ်တောင်ပိုင်း တွင်းမ အထက်တန်းစာသင်ကျောင်းတွင် အခြေပြုနေသော နယ်မြေခံတပ်နှင့် ပြည်သူ့စစ်လုံခြုံရေးပူးပေါင်းအဖွဲ့ကို ယနေ ညနေ့ ၆ နာရီ ၄၅ မိနစ်အချိန်မှ စတင်ပြီး စခန်း၏အနောက်မြောက်ဖက် နှင့် အနောက်တောင်ဖက်တို့မှ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်နေပြီး  Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်နေကြောင်း သတင်းရရှိပါသည်။

#PAN