အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ်ရှိ တံတား ၁ စင်းအား မိုင်းခွဲဖျက်ဆီး

ဇူလိုင် ၆

     ဇူလိုင်လ ၆ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ကင်မွန်းချောင်း၏ အနောက်မြောက်ဘက် (၄)မိုင် ခန့်အကွာ၊ ကျိုက်ထို့မြိုနယ်၊ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွား တောင်တက်ကားလမ်းပေါ်ရှိ လေးဖာတောတံတားအား အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိပါသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် အဆိုပါ တံတား၏ အလယ်တွင် ၆ ပေအကျယ်ခန့် အပေါက်ကြီးဖြစ်ပေါ်ခဲ့ပြီး တောင်တက် ဘုရားဖူးကားများ သွားလာ၍မရတော့ကြောင်း သတင်းရရှိပါသည်။

#PAN