EPS စနစ် ဖြင့် တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား ၁၅၃ ဦး ထပ်မံစေလွှတ်

ဇူလိုင် ၅    

      တောင်ကိုရီးယားနိုင်ငံကို  EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၅၃ ဦး ထပ်မံစေလွှတ်ခဲ့တယ်လို့ ဆိုလ်းမြို့ မြန်မာသံရုံးကနေ သိရပါတယ်။ အဆိုပါ  မြန်မာလုပ်သားများတွင် Regular ကုန်ထုတ်လုပ်သား ၉၂ ဦး၊ Regular  စိုက်ပျိုးရေး နဲ့ မွေးမြူရေးလုပ်သား ၆၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
      အခုလအတွင်း ပထမအကြိမ် တောင်ကိုရီးယားနိုင်ငံကို စေလွှတ်တဲ့ မြန်မာလုပ်သား ၁၅၃ ဦးမှာ  ဇူလိုင်လ ၄ ရက်က ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိကကြိုဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်တဲ့အချက်တွေကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုး ပေးခဲ့ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ အတွင်း မြန်မာလုပ်သားများ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ အရေ အတွက် ၉၁၉ ဦး စေလွှတ်ခဲ့ပြီးကြောင်း သိရပါတယ်။

#PAN