တုပ်ကွေး အဖြစ်များနေတာကြောင့် ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးဝန်ကြီး ဌာနက တိုက်တွန်း

ဇူလိုင် ၅    

      အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးဆက်တဲ့ ရာသီတုပ်ကွေးရောဂါဟာ လက်ရှိအချိန်မှာ အဖြစ်များ နေတာကြောင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့  ရောဂါအခံရှိသူတွေ ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေး ဝန်ကြီး ဌာနက တိုက်တွန်းနေပါတယ်။ ရာသီတုပ်ကွေး ကူးစက်ခံရပါက အာ သီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ဖျားနာ၍ ကိုယ်လက်ကိုက် ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ နုံးခွေခြင်းစတဲ့ရောဂါ လက္ခဏာတွေ ဖြစ်ပွား တတ်တယ်လို့ သိရပါတယ်။

      ဖျားနာပါက အဖျား ၁၀၂ ဒီဂရီနဲ့ အထက်ရှိလာပါက ရောဂါအခံရှိသူတွေအနေဖြင့် မိမိသဘောဆန္ဒနဲ့ ဆေးဝါး များ သုံးစွဲခြင်းမပြုဘဲ နီးစပ်ရာဆေးရုံတွေမှာ ကျွမ်းကျင်တဲ့ ဆရာဝန်ဖြင့်ဆေးကုသမှု ပြုလုပ်သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေလလောက် ကတည်းကစတင်ပြီး လက်ရှိအထိ အခြေခံပညာကျောင်းတွေမှာရောဂါ ကာကွယ်ရေးလုပ်ငန်း တွေဖြစ်တဲ့ ခြင်ဆေးဖျန်းခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက် နေတယ်လို့ လည်း ဆိုထားပါတယ်။
       မြန်မာနိုင်ငံအနေနဲ့  ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးများကို လူတိုင်းအတွက် အပြည့်အဝထိုးနှံ ပေးနိုင်ခြင်း မရှိသေးတာကြောင့် ကာ ကွယ်ဆေးထိုးနှံလိုသူတွေအနေနဲ့  ပြင်ပဆေးရုံဆေးခန်းတွေမှာ မြန်မာနိုင်ငံ နဲ့ သင့်တော်တဲ့ ကမ္ဘာ့တောင်ခြမ်းအတွက် ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ဝယ်ယူထိုးနှံနိုင်တယ်လို့ သိရပါတယ်။

#PAN