တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊အစိုးရ၏ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ၏ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခေါ်ယူသတိထောက်လွှာအား ပေးအပ်

ဇူလိုင် ၅

       နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း ဝန် ဦးချမ်းအေး သည် ၅-၇-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖိတ်ခေါ်၍ ၁-၇-၂၀၂၃ ရက်က တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သည့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ (၉) ကြိမ်မြောက် အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ၏ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေခဲ့သည့်ကိစ္စနှင့် တီမောလက်စ်တေသမ္မတမှ ၎င်းတို့အား လက်ခံတွေ့ဆုံခဲ့သည့် ကိစ္စများနှင့် စပ်လျဉ်း၍ တီမောလက်စ်တေအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်းနှင့် ယင်းသို့တွေ့ဆုံမှုမျိုး နောင်တွင် မပြုလုပ်ရေး တိုက်တွန်းပြောကြားခဲ့ကာ ကန့်ကွက်သည့် သတိထောက်လွှာအား ပေးအပ်ခဲ့ပါသည်။

       အဆိုပါ သတိထောက်လွှာတွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG အား တီမော လက်စ်တေအစိုးရမှ ဖိတ်ကြားခဲ့မှုမှာ မြန်မာနိုင်ငံအတွင်း ၌ ၎င်းအဖွဲ့အစည်းမှ ကျူးလွန်ဆောင်ရွက် နေသည့် အကြမ်းဖက်လုပ်ရပ်များအား အားပေးအားမြှောက်ပြုလုပ်ရာရောက်ကြောင်းနှင့် မြန်မာနိုင်ငံ ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံ တကာစာချုပ်များအား ဖောက်ဖျက်ရာလည်း ရောက်ကြောင်းဖြင့် ဖော်ပြပါရှိကြောင်း သိရှိရပါသည်။

#PAN
**************

Press Release

(5 July 2023, Nay Pyi Taw)

Regarding the invitation extended to the representatives of the terrorist group so-called the National Unity Government (NUG) to the inauguration ceremony of Timor- Leste’s 9th Cabinet, which was held on 1 July 2023 in Timor-Leste and their meeting with President of Timor-Leste, U Chan Aye, Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar handed an Aide-Mémoire to Mr. Avelino Fernandes Ximenes Pereira, Chargé d’Affaires a.i. of the Embassy of the Democratic Republic of Timor-Leste in Yangon on 5 July 2023 at 1000 hrs. at the Ministry of Foreign Affairs in Nay Pyi Taw. The Permanent Secretary conveyed the Myanmar Government’s strong protest against the Government of Timor-Leste’s invitation to the NUG and urged the Timor-Leste Government to refrain from making any forms of contact with those terrorist groups and their representatives.

In the Aide-Mémoire, the Government of the Republic of the Union of Myanmar calls upon the Timor-Leste authorities that such an invitation or communication to the said representatives of the terrorist groups could abet terrorism and encourage violence in the country and also hamper the Myanmar Government’s anti-terrorism efforts and infringe international agreements related to combatting terrorism.

#PAN