ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယံကျေးရွာအနီးတဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်း ကျန်းသူ KIA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဝိုင်းမော်မြို့သို့ ရွာသူ/သားများ စစ်ဘေးရှောင်နေကြရ

ဇူလိုင် ၅    

      ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယံကျေးရွာအနီးတဝိုက်တွင် ဇူလိုင်လ ၃ ရက်နေ့ကတပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်း ကျန်းသူ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်က နမ့်ဆန်ယံကျေးရွာကို သိမ်းပိုက်ထားပြီး ဗန်မော် – မြစ်ကြီးနားကားလမ်းကိုတပ်မတော်က ထိန်းချုပ်ထားကြောင်း၊ အကြမ်း ဖက်သောင်းကျန်းသူ KIO/KIA ဌာနချုပ်၊ လိုင်ဇာမြို့ အဝင်/အထွက် အားလုံးကို စစ်ဆေးနေပြီး
တပ်မတော်က ထိန်းချုပ်ထားကြောင်း၊ ချီဖွေ – ကန်ပိုက်တီးလမ်းမှ KIO/KIA စခန်းများကို လည်း တပ်မတော်က တိုက်ထုတ်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

       KIA အနေဖြင့် ၎င်းတို့၏ လိုင်ဇာကို ထိန်း ချုပ်ခံထားရသော်လည်း တပ်မတော်ကို ထွက်မတိုက်ရဲသော အခြေအနေရှိကြောင်း၊ အထက်အမိန့်ကိုစောင့်ဆိုင်းနေကြောင်း ၎င်းနယ်မြေတွင် တာဝန်ထမ်း​ဆောင်နေသော တပ်မတော်အရာရှိထံမှ သိရှိရပါသည်။

     တပ်မတော်က KIO/KIA ဌာနချုပ် လိုင်ဇာကို
စစ်ရေးအရ အရေးယူမည်ဆိုရင် စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ အကြမ်းဖက်သောင်းကျန်းသူ PDF များအတွက် ရပ်တည်ဘို့ ခက်ခဲသွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့အကြမ်းဖက် PDF များကို KIO/KIA ဌာနချုပ်
လိုင်ဇာမှာရှိတဲ့ လက်နက်စက်ရုံများမှ ထုတ်လုပ်သော လက်နက်/ခဲယမ်းများဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်နေရခြင်းကြောင့် ၎င်းတို့အတွက် လိုအပ်သည့် လက်နက်ခဲယမ်း ထပ်မံမရနိုင်ပါက ရေရှည်တိုက်ပွဲဆင်နွဲနိုင်ခြင်းမရှိတော့ကြောင်း အဆိုပါ အရာရှိမှ ဆက်လက်ပြော​ကြားခဲ့သည်။

     ထို့ကဲ့သို့ နမ့်ဆန်ယန်ကျေးရွာအနီးတွင် တိုက် ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများသည် ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်သဖြင့် ဇူလိုင်လ ၃ ရက်နေ့ မွန်းတည့် ၁၂ အချိန်တွင် ဝိုင်းမော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ RC ဘုရားကျောင်းသို့ စစ်ဘေးရှောင် ယာယီတည်ခိုနေကြကြောင်း၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဦးဖော်လားကမ်ဖန်နှင့် အသင်းတော်မှ ဆရာတော်ကြီးများ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူဦးရေစာရင်းကောက်ယူမှုနှင့် လတ်တလောနေထိုင် စား သောက်ရေးများကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန်ထိ RC ဘုရားကျောင်းသို့ စစ်ဘေးရှောင် အိမ်ထောင် စု ၆၉ စု၊ လူဦးရေ ၂၅၈ ဦးနှင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ AG Camp သို့ အိမ် ထောင်စု ၁၃ စု၊ လူဦးရေ ၅၃ ဦး၊ စုစုပေါင်း အိမ်ထောင်စု ၈၂ စု၊ လူဦးရေ ၃၁၁ ဦး ရောက်ရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN