“တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူ ၁၅ဦးသေဆုံးခဲ့ရ”

ဇူလ်ိုင် ၅

တရုတ်နိုင်ငံ စတုတ္ထအကြီးမားဆုံး ပြည်နယ် ဖြစ်သည့် Chongqingပြည်နယ် တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အလွန် ပြင်းထန်သော ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရပြီး ​လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqingပြည်နယ် တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူ ၁၅ ဦး သေဆုံးခဲ့ရပြီး လူ၄ဦးထိ ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များ ၏ ထုတ်ပြန်ချက်များကို ကိုးကားပြီး တရုတ်နိုင်ငံ ဆင်ဟွာ သတင်းဌာနက ယနေ့ ဇူလိုင် ၅ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ပြပြော ဆိုထားပါတယ်။

အဆိုပါ ပြည်နယ် နှင့် ထိစပ် နေသော စီချွမ်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လူပေါင်း ၄၆၀,၀၀၀ ကျော်ခန့် မိုးရွာသွန်းမှုများ ဒဏ်ခံစားခဲ့ကြရသော်လည်း ယခုအချိန်အထိ ထိခိုက်သေဆုံးမှုသတင်းများ မရှိသေးကြောင်း အဆိုပါ ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ၏ သမ္မတ Xi Jinping က အဆိုပါ ပြင်းထန်သော ရာသီဥတုဒဏ်များမှ ပြည်သူများကို ကာကွယ်နိုင်ရန် အာဏာပိုင်အဖွဲ့ အစည်းများအား ပိုမိုကြိုးပမ်း အားထုတ်လုပ် ဆောင်ကြရန် တောင်းဆိုထားပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် သတိပေးထုတ်ပြန် ချက်များကို မြှင့်တင်ကြရန် ပြောကြားထားတာ လည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသများ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံ Chongqing ပြည်နယ်ရှိ ခရိုင်လေးခုကို အမြင့်ဆုံးအဆင့် အနီရောင်သတိပေးချက်များ ထုတ်ပြန်ထားကြောင်း နှင့် သေဆုံးမှုများ ကို တနင်္လာနေ့ကတည်းက မှတ်တမ်းတင်ထား ခြင်းဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။