ရေတာရှည်မြို့နယ်၊စည်ပိုင်းကျေးရွာရှိ တာဝါတိုင်ကို မိုင်းထောင်စဥ် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် PDF တစ်ဦး ​ခြေထောက်ပြတ်

ဇူလိုင် ၅    

      ဇူလိုင်းလ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက် စည်ပိုင်းကျေးရွာအုပ် စု၊ စည်ပိုင်းကျေးရွာရှိ တာဝါတိုင်ကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့၊တပ်ရင်း (၃၅၀၁)၊ဗိုလ်ကြက်သွန်အဖွဲ့မှ PDF အကြမ်းဖက်အမည် ချစ်ဝိုင်း၊ ရွာသားအမည် စိုးလင်း၊ ၂၇ နှစ်၊ (ဘ)ဦးတင်အောင်၊ ရေငန်းကျေးရွာနေသူ
မှာ မိုင်းထောင်စဥ် ပေါက်ကွဲခဲ့သဖြင့်ခြေထောက် ၂ ဖက်ဒဏ်ရာရခဲ့ပြီး ဘယ်ခြေတစ်ဖက်ဖြတ်ခဲ့ရပြီး တောင်ငူပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေး ကုသနေစဥ် လုံခြုံရေးတပ်ဖွဲ့များမှဖော်ထုတ်ဖမ်ဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ PDF အကြမ်းဖက်အမည် ချစ်ဝိုင်း (ခ)စိုးလင်းသည် တောင်ငူပြည်သူ့ဆေးရုံတက်ရောက်စဥ် ရေတာရှည်မြို့နယ်၊ ဆွာမြို့အနောက်ဘက်ရေငန်းကျေးရွာ တောင်ဘက်တောစပ်တွင် နွားကျောင်းနေစဥ် မိုင်းနင်းမိ၍ ရရှိသောဒဏ်ရာဖြစ်ကြောင်း ပြောဆိုဆေးကုသနေစဥ် ယနေ့တွင် နယ်မြေလုံခြုံရေးအဖွဲ့များက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN