မကွေးတိုင်းတိုင်းဒေသကြီးအတွင်း လူသတ်အကြမ်း ဖက် PDF အဖွဲ့များက လက်နက်မဲ့ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် အကြမ်းဖက်သတ်ဖြတ်နေချိန် တပ်မတော်က ပြည်သူများ၏သက်သာချောင်ချိရေးအတွက် ရိက္ခာများရောင်းချပေးလျက်ရှိ

ဇူလိုင် ၅

        ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ချောင်းမကြီး
ကျေးရွာနေသူ ဦးသိန်းနိုင်(ခ) ကိုကိုနိုင် ကို နေအိမ်မှ ဆိပ်ဖြူသို့ သွားရောက်စဥ် ချောင်းမကြီးနှင့် ဆိပ်ဖြူလမ်း  တူရွင်မျောလမ်းခွဲအရောက်တွင် လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF ၂ ဦးမှ နောက်မှလိုက်ကာ အနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးသိန်းနိုင်(ခ) ကိုကိုနိုင် မှာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆိပ်ဖြူမြို့နယ်၊ချောင်းမကြီးကျေးရွာသည် ပြည်ခိုင်ဖြိုးထောက်ခံသည့် အမာခံရွာဖြစ်ပြီး သေဆုံးသူ ဦးသိန်းနိုင်(ခ)ကိုကိုနိုင် ကိုယ်တိုင်သည် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာစည်း/မှူးဖြစ် ကြောင်း သိရပါသည်။

     ထိုကဲ့သို့ လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF များက လက်နက်မဲ့ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် အကြမ်းဖက်သတ်ဖြတ်နေချိန်တွင် မကွေးတိုင်းတိုင်းဒေသကြီး၊ ထီးလင်းမြို့တွင် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ထီးလင်းမြို့ရွှေထီးခန်းမ၌  တပ်မတော်ယာဥ်တန်းဖြင့် ရိက္ခာများယူဆောင်လာပြီး ပြည်သူများအတွက် သက်သာချောင်ချိမှုဖြစ်စေရန် ရိက္ခာများ ရောင်း ချပေးနေကြောင်း သိရှိရပါသည်။ ပြည်သူများကို အိမ်ထောင်စု တစ်စုကို ဆန် ၈ ပြည်၊ ဆီ    ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန် ၁ ပိသာတို့က်ို သက်သာသောစျေးနူန်းဖြင့် ရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။

#PAN