“ဘရာဇီး သမ္မတ က တောင်အမေရိကတိုက် အတွင်းရှိ ဘဏ်လုပ်ငန်းများ အနေဖြင့် ဒေသတွင်း လူမှုရေး စီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတတ်မှုများအတွက် ဘဏ္ဍာငွေကြေး များ ပိုမိုလုပ်ဆောင်ထား သင့်ကြောင်း သတိပေးပြောကြားခဲ့”

ဇူလိုင် ၅

BRICS အဖွဲ့အစည်းကြီး၏အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံ၏ သမ္မတ Luiz Inacio Lula da Silva က MERCOSUR ( တောင်အမေရိကတိုက်၏ အဓိက ကုန်သွယ်ရေးအဖွဲ့အစည်းကြီး)တွင်ပါဝင်သော နိုင်ငံများကြား ကုန်သွယ်မှုဆိုင်ရာ များအတွက် ငွေကြေးအသစ် (သို့မဟုတ်) ဘုံငွေကြေး တစ်ခုတည်းကိုသာ အသုံးပြုကြရန် တောင်းဆိုခဲ့ တာဖြစ်ပါတယ်။

ဘရာဇီးသမ္မတ ကပြီးခဲ့သည့် ဇူလိုင် ၄ရက် အင်္ဂါနေ့က Brasiliaမြို့တွင် ပြုလုပ်ကျင်း ပခဲ့သည့် တောင်အမေရိကတိုက်အတွင်း ရှိ နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ခဲ့စဉ်အတွင်း MERCOSUR အဖွဲ့အစည်းကြီးအနေဖြင့် ဒေသတွင်း ကုန်သွယ်ရေး များတွင် ဘုံငွေကြေးအသစ် တစ်ခု ဖန်တီးထားနိုင်ရန် အဆိုပြုပြော ကြားခဲ့တာ လည်းဖြစ်ပါတယ်။

အဆ်ိုပါ ဘုံငွေကြေး သို့မဟုတ် ငွေကြေးအသစ် ဆိုသော ဘရာဇီးသမ္မတ Lula ၏ထင်မြင် ချက်တွင် အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ပါရာဂွေးနိုင်ငံ နှင့် ဥရုဂွေးနိုင်ငံ တို့ပါ၀င်သော Mercosur (တောင်အမေရိကတိုက် ကုန်သွယ်မှုအဖွဲ့) အတွက်သာ သက်ရောက် မည်ဖြစ်ကြောင်းလည်း ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အဆိုပါ အဖွဲ့အစည်းကြီး၏ ကုန်သွယ်ရေး ဆိုင်ရာများတွင် ဘုံငွေကြေးအသစ် တစ်ခု ဖန်တီးခြင်းအကြောင်းအရာများ ဆွေးနွေး ပြောဆိုမှုများ သည် ပိုမိုတိုးတက် အားကောင်း လာကြောင်း ကိုလည်း သတင်းဌာနများ ကဖော်ပြပြောဆို ထားကြပါတယ်။

“တောင်အမေရိကတိုက်အတွင်းရှိ နိုင်ငံများ၏ ငွေကြေးဆိုင်ရာ မူဝါဒများတွင်ပိုမို ခိုင်မာလာစေရန်” ဟူသော ခေါင်းစဥ်ဖြင့် ဘရာဇီးသမ္မတ က အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကြီးတွင် အဆိုပြုတင်သွင်း ပြောကြားခဲ့တာဖြစ်ပြီး လက်တင် အမေရိက ဖွံ့ဖြိုးရေးဘဏ် ပုဂ္ဂလိကဘဏ်လုပ်ငန်း Latin Development Corporation (CAF)၊ ဗြိတိန်နိုင်ငံအတွင်းရှိ South Bank နှင့် Brazil နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် BNDES ဘဏ်များကဲ့သို့သော တောင်အမေရိက တိုက်အတွင်း ရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးဘဏ်များသည်လည်း ဒေသတွင်း လူမှုရေးနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုများ အတွက် ဘဏ္ဍာငွေ ကြေးများ ပိုမိုလုပ်ဆောင်သင့် တယ်လို့ Lula ထပ်လောင်း သတိပေး ပြောကြားထား ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆ်ိုနေကြ ပါတယ်။