ချောင်းဦးမြို့နယ်၊ပြည်သူ့စစ်ဌာနေများဖြင့်သော ကံကြီးကုန်းကျေးရွာ၊ ကင်မွန်းတော်ကျေးရွာများအား အကြမ်းဖက်PDFများကသာလွန်အင်အားများဖြင့် လာရောက်တိုက်ခိုက်

ဇူလိုင် ၅    

       စစ်ကိုင်း တိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပြည်သူ့စစ်ဌာနေရွာကို  ဝင်ရောက်
စီးနင်းတိုက်ခိုက်ရန် စီစဥ်နေကြောင်း၊ ဆည်ပုဂံတော(ကံကြီးကုန်းရွာ အရှေ့ဖက်)၊ ကျွဲတက်ကုန်းတော(ကံကြီးကုန်းရွာ အရှေ့ဖက်)ရွှေလှေရွာ ၊ ဝယါရွာများတွင် အနီးကပ် ချည်းကပ် လူစုနေကြောင်း၊ ဆားလင်းကြီးမြို့နယ် နှောကတို့ရွာ ၊ တောင်ကြားရွာတို့တွင်လည်း အင်အားစုနေကြောင်း စသည်ဖြင့် ယမန်နေ့က သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။

       ထိုသို့ သတင်းရရှိသည့်အတိုင်း ယနေ့ နံနက် ၃ နာရီအချိန်ခန့်က ချောင်းဦးမြို့နယ်၊ပြည်သူ့စစ်ဌာနေများဖြင့်သော ကံကြီးကုန်းကျေးရွာ၊ ကင်မွန်းတော်ကျေးရွာများအား အကြမ်းဖက်PDFများကသာလွန်အင်အားများဖြင့် လက်နက်ကြီး၊လက် နက်ငယ်များ၊ ဒရုန်းများဖြင့်ပစ်ခတ်ကာ ဝင်လုံးရန် ကြိုးစားလျှက်ရှိကြောင်း ၊ မိမိတို့ပြည်သူ့စစ်များမှ အပြင်းအထန် ပြန်လည် ခုခံနေကြောင်း သိရှိရပါသည်။

      လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များသည် တစ်ရွာလျှင် အင်အား ၅၀၀ ခန့်စီဖြင့် သာလွန်အင်အားအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

   ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပြည်သူ့စစ်ရွာအား ဝိုင်းပတ် ပိတ်ဆို့ ပစ်ခတ်နေသော အကြမ်း ဖက်သောင်းကျန်းသူ PDF များသည် နံနက် ၆ နာရီအချိန်ခန့်တွင် ဆုတ်ခွါသွားပြီး ကံကြီးကုန်းပြည်သူ့စစ်ရွာသို့ သွားရောက်ပူးပေါင်းစုဖွဲ့ကာ ရွာအတွင်းသို့ ဝင်ရောက်စီးနင်း၍ အိမ်များမီးရှို့လျှက်ရှိကြောင်း၊ ၄၀ မမများ ၊ ဒရုန်းများ၊ စနိုက်ပါများ၊ မောင်းပြန်များပါဝင်ကာ ယခုအခါ ပူးပေါင်းအင်အား ၁၀၀၀ ခန့်ရှိနေကြောင်း၊ စစ်ကူ ပစ်ကူ လိုအပ်နေကြောင်း ဒေသခံပြည်သူ့စစ်များထံမှ သတင်းရရှိပါသည်။

#PAN