စားအုန်းဆီ လက်လီတစ်ပိဿာ ကျပ် ၈,၀၀၀ အထိရောက်ရှိလာ

ဇူလိုင် ၄

     အစိုးရစားအုန်းဆီလက်ကားရည်ညွှန်းဈေး သတ်မှတ်ချက်ဟာ ဇွန်လ ၅ ရက်မှာ တစ်ပိဿာဈေး ၃,၇၉၀ ကျပ် သတ်မှတ်ထားရာကနေ ဇွန် ၂၆ ရက်မှာ ၄,၀၁၀ ကျပ် အထိ မြင့်တက်လာခဲ့ပါတယ်။

     စားအုန်းဆီဈေးနှုန်းဟာ ဇွန်လ စတုတ္ထအပတ် မတိုင်မီမှာ ပြင်ပလက်လီဈေးကွက်အတွင်း တစ်ပိဿာကို ငွေကျပ် ၆,၈၀၀ ၊ ၇,၀၀၀ ခန့် ရှိနေခဲ့ရာမှ တစ်ပတ်အတွင်း ငွေကျပ် ၈,၀၀၀ အထိ မြင့်တက်လာခဲ့တယ်လို့ စားသုံးသူ ပြည်သူတွေထံကနေ သိရပါတယ်။

#PAN