ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီးတွင် သတင်းအရလုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းခဲ့ရာ အကြမ်း ဖက်သောင်းကျန်းသူ PDF များနှင့်တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဇူလိုင် ၄

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီးတွင် လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDF ၃၀ ဦးခန့် ရောက်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ယမန်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းခဲ့ရာ နှစ်ဖက်ပစ်ခတ် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း သိရပါသည်။

     ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်သောင်းကျန်းသူ PDF များထံမလက်နက်မျိုးစုံ ၁၇ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်မျိုးစုံ ၃၃၅ တောင့်၊ ၄၀ မမဗုံးသီး ၁၁ လုံး၊ လက် ပစ်ဗုံး ၂ လုံး၊ လက်လုပ်ဗုံးသီး ၂၁ လုံး၊ ဗို့အားမြင့်စက် ၁ လုံး၊ ဒီတိုနေတာ ၅၀ ချောင်း၊ ယမ်းမှုန့်  ၂ ပိဿာခန့် သိမ်းဆည်းရမိခဲ့ပါသည်။

#PAN