မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ အုပ်စု၊ ဇေကမ္ဘာဝန်းအတွင်းရှိ Great Glowing အထည်ချုပ်စက်ရုံမှ စွန့်ပစ်ပိတ်ဖြတ်စဂိုဒေါင်မီးလောင်မှုဖြစ်ပွား

ဇူလိုင် ၄

      ယနေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ဇေကမ္ဘာဝန်း၊ ရန်ကုန်စက်မူဇုန်၊ ဇေကမ္ဘာ(၇)လမ်း၊အမှတ်(၃၄၀/ ၃၄၁) ရှိ Great Glowing အထည်ချုပ်စက်ရုံရှိ ၁၀၀ ပေ x ၅၀ ပေခန့်ရှိ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း စွန့်ပစ်ပိတ်ဖြတ်စများထားရှိသည့် ဂိုဒေါင် မီး လောင်မှုဖြစ်ပွားခဲ့ပါသည်။

     အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ Level-2 အဆင့် မီးသတ်ယာဥ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၆ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး
၇ နာရီ ၂၆ မိနစ်အချိန်တွင် မီးတောက်များငြိမ်း သွားကာ ၈ နာရီတွင် မီးကြွင်း၊မီးကျန်များအား လုံး ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်နေရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး ဦးစီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၆၉ ဦး၊ အရန် ၁၂၈ ဦး၊ မီးသတ်ယာဉ် ၂၇ စီး၊ ရေသယ်ယာဉ် ၉ စီး၊ ကကမယာဉ် ၅ စီး၊ အထောက်အကူပြု ၆ စီး တို့ဖြင့် ငြိမ်းသတ်ခြင်းဖြစ်ကြောင်းနှင့် စက်ရုံပိုင် ရှင်မှာ ကနေဒါနိုင်ငံသား MR.Chen Ken Chein Yu ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#PAN