ဗန်းမောက်မြို့နယ်တွင် အကြမ်းဖက်သောင်း ကျန်းသူKIA နှင့် PDF ပူးပေါင်းအဖွဲ့သည် ကားလမ်းများကို သွားလာနိုင်ခြင်းမရှိအောင် ဘက်ဟိုးဖြင့် မြေဖြတ် ဖျက်ဆီးထား

ဇူလိုင် ၄

      ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင်
အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့သည် ကားလမ်းများကို သွားလာနိုင်ခြင်းမရှိအောင် ဗန်းမောက် – နားယောကျေးရွာကြားတွင် တစ်ခု၊ ဗန်းမောက် မှ မြောက်ပိုင်းသို့သွားသည့်လမ်း နောင်မဲ့လုံကျေးရွာတွင် တစ်ခု ဘက်ဟိုးဖြင့် မြေဖြတ်ပြီး ဖျက်ဆီးထားကြောင်း သိရပါသည်။

      အစားအသောက်နှင့် ဆေးဝါး၊စက်သုံးဆီ တင်သွင်းမှုများကို ဖြတ်တောက်ပိတ်ပင်ထားပြီး ၄င်းတို့တည်ဆောက်ထားထားသော စီးမော်ကျေးရွာစျေးနှင့် ပန်း‌တောကျေးရွာစျေးများတွင် ဆိုင်ဖွင့်ရောင်းချစေကြောင်း၊ ၄င်းစျေးတန်းများတွင် KIA နှင့် NLDမှ ဦးတင်သန်းဦး၊ ဦးမင်းမင်းစိုး၊ ဦးကျော်မင်းထွန်းတို့က အဆောက်အဦးအလွတ်တစ်ခု ဆောက်ကာ စိတ်ပါဝင်းစားသူများကို နိုင်ငံရေးဝါဒမိုင်းသွင်း ဟောပြောနေကြကြောင်း သတင်းရရှိပါသည်။

#PAN